Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုကို ပိုမိုထိရောက်သည့်အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်ရေး NUG နိုင်ငံခြားရေးဝန်ကြီး အီးယူသံတမန်များကို တွေ့ဆုံဆွေးနွေး

ထို့သို့ ဥရောပသမဂ္ဂအဆင့်မြင့်သံတမန်များနှင့်တွေ့ဆုံသည့် ဇွန်လ ၂၁ ရက်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ကောင်စီထိန်းချုပ်ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်း​ရောင်းဝယ်​ရေးဘဏ် (MICB)တို့ကို အရေးယူဒဏ်ခတ်ကြောင်း ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဥရောပသမဂ္ဂ အဆင့်မြင့်သံတမန်များနှင့် ယနေ့ (ဇွန်လ ၂၁ ရက်) တွေ့ဆုံပြီး အာဏာသိမ်းစစ်အုပ်စုကို ပိုမိုထိရောက်သည့် အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်အုပ်စုကို ပိုမိုထိရောက်သည့်အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်ရေး NUG နိုင်ငံခြားရေးဝန်ကြီး အီးယူသံတမန်များကို တွေ့ဆုံဆွေးနွေး
စစ်အုပ်စုကို ပိုမိုထိရောက်သည့်အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်ရေး NUG နိုင်ငံခြားရေးဝန်ကြီး အီးယူသံတမန်များကို တွေ့ဆုံဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဥရောပသမဂ္ဂ External Action Service မှ အာရှ-ပစိဖိတ်ဒါရိုက်တာ Ms. Paola Pampaloni နှင့် အာဆီယံဆိုင်ရာအီးယူသံအမတ်ကြီး Igor Driesmans တို့နှင့် တွေ့ဆုံကာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများ ၊ စစ်အုပ်စုအား ပိုမိုထိရောက်သည့် စီးပွါးရေးပိတ်ဆို့ အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုအဆုံးသတ်ရေးနှင့် မြန်မာပြည်သူတို့၏ လွှတ်လပ်မှု နှင့် ဒီမိုကရေစီဖေါ်ဆောင်ရေး တို့အတွက် ထိရောက်သည့် ပူးပေါင်းရွက်မှုပြုနိုင်ရေးစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။