Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မယ်စဲ့၌ ကျန်နေသည့် စစ်ကောင်စီ၏ နောက်ဆုံးတပ်စခန်းမှ တပ်သား ၁၈ဦး လက်နက်ချ

မယ်စဲ့မြို့နယ် မြန်မာ -ထိုင်း နယ်ခြားမှတ်တိုင် ဘီပီ – ၁၃အနီးရှိ စစ်ကောင်စီတပ်စခန်းသည် ကရင်နီပူးပေါင်းတပ်များ မယ်စဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်စဉ် စခန်းစွန့်ခွာပြီးအနီးရှိ လက်နက်ကြီးကုန်းသို့ သွားရောက်နေထိုင်ခဲ့ပြီး ယခုလက်နက် ချ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

(မ​ယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရမှုနှင့် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ- CJ)
(မ​ယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရမှုနှင့် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ- CJ)

▪️ဇွန် ၂၃ စခန်းသိမ်းတိုက်ပွဲ KA၊ KNDFနှင့် ကလလတတို့မှ ရဲဘော်လေးဦးကျဆုံး၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်များ

“အဲဒီ စခန်း အဲဒီလို လက်နက်ချလာပြီဆို ကုန်ပြီ မယ်စဲ့ပတ်ဝန်းကျင်က စခန်းတွေ” – ကရင်နီစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးကျန်ရှိနေသည့် ဗျူဟာကုန်း တပ်စခန်းကို ကရင်နီပူးပေါင်းတပ်က ယမန်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က တပ်သား ၁၈ဦး လက်နက်အပြည့်အစုံဖြင့် လက်နက်ချခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ် က ယနေ့ မွန်းလွဲပိုင်း၌ ပြောကြားသည်။

မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း လေးခုကို ကရင်နီပူးပေါင်းတပ်က ဇွန်လ ၁၃ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့နယ်အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ ယမန်နေ့တွင် နောက်ဆုံးကျန်နေသည့် တပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(မ​ယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရမှုနှင့် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ- CJ)
(မ​ယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရမှုနှင့် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ- CJ)

“ဒီနေ့လည်ပိုင်းလောက်မှသိတာ။ သူတို့ ၁၈ယောက်လောက်ဝင်လာတာ။ ဒါပေမဲ့ သူတို့ရဲ့စခန်းမှာ ထိုင်တာက ၂၁ယောက်ထိုင်တဲ့ စခန်းပြောတယ်။ ၂၁ ယောက်ဆိုတော့ အခုက သုံးယောက်ပျောက်နေတယ်။ ကျနော်တို့ဆီ ၁၈ယောက်ရောက်နေတယ်။ အဲဒီ စခန်း အဲဒီလို လက်နက်ချလာပြီဆို ကုန်ပြီ မယ်စဲ့ပတ်ဝန်းကျင်က စခန်းတွေက။ကျနော်ပြောတဲ့ လက်နက်ကြီးကုန်း အဲဒီစခန်းတစ်ခုက သူတို့မရှိတော့ဘူး။ ခုနက ပြောသလို လက်နက်ချလာတာပေါ့”ဟု ခူညေးရယ်က ပြောသည်။

မယ်စဲ့မြို့နယ် မြန်မာ -ထိုင်း နယ်ခြားမှတ်တိုင် ဘီပီ – ၁၃အနီးရှိ စစ်ကောင်စီတပ်စခန်းသည် ကရင်နီပူးပေါင်းတပ်များ မယ်စဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်စဉ် စခန်းစွန့်ခွာပြီးအနီးရှိ လက်နက်ကြီးကုန်းသို့ သွားရောက်နေထိုင်ခဲ့ပြီး ယခုလက်နက် ချ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“နယ်စပ်မှာလည်းမရှိတော့ဘူး။ မြို့ထဲမှာလည်းသူတို့ စခန်းမရှိတော့ဘူး။ သူတို့ ပြေးတာနဲ့ သေတာနဲ့ ခုန အလင်းဝင်လာတာနဲ့ ကုန်ပြီပေါ့။ဒါပေမဲ့ သူတို့ စစ်ကူတွေဘာတွေလာမယ်လေ။ ဒေါတမကြီး၊ ဒေါညေးခူဘက်က တပ်တွေမရှိတော့ဘူး ။ အဲဒီဘက်ဆင်းလာတာဖြစ်မှာပေါ့။ ကန်ခုနစ်ဆင့် အရှေ့ဘက် ဒီးမော့ဆိုအရှေ့ဘက် အဲဒီဘက်မှာ တစ်ရင်းပဲကျန်တယ်ပြောတယ်။ ဖားဆောင်းမှာကလည်း သူ့တပ်ရင်း ၂ရင်းရှိတယ်။ ၁၃၄နဲ့ ၁၃၅ ဒါပေမဲ့ အဲဒီမှာလည်း လူမရှိဘူး။ ၁၃၅ ဆိုတာက ဟိုးအရင်တစ်ခေါက် ပထမအကြိမ် လက်နက်ကြီး ၂လက်ရတဲ့နေရာမှာ ထိုင်တယ်။ ၅၄ နဲ့ပေါင်းပြီး။ ၁၃၄ ဆိုတာက အခု ကျနော်တို့ ညာမိုစခန်းရဲ့ မျက်နှာချင်းဆိုင်မှာရှိတယ်”ဟု ခူညေးရယ် ကရင်နီဒေသ စစ်ကောင်စီတပ် အထိနာပြီးဖရိုဖရဲဖြစ်နေသည့် အခြေအနေကို ပြောပြသည်။

ကရင်နီပူးပေါင်းတပ်၏ မယ်စဲ့စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီစစ်ဘက်က အသိပေးထားသော်လည်း အရေအတွက် အတိအကျ မသိရသေးပေ။

(မ​ယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရမှုနှင့် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ- CJ)
(မ​ယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရမှုနှင့် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ- CJ)

“အခုက လက်နက်အပြည့်အစုံနဲ့ ၁၈ယောက်ဆိုတော့ ၁၈လက် ထပ်ရမှာပေါ့။ အတိအကျတော့ မသိရသေးဘူး။ ဒါပေမဲ့ သူတို့ဘက် အကျအဆုံးများမှာပဲ။ ဗျူဟာကုန်းဆိုရင် လက်နက်တွေလည်းတချို့ရမှာပဲ။သူတို့ဘက် အထိအခိုက်လည်းမသိရသေးဘူး။ ဒါပေမဲ့ ကျနော်တို့ဘက်က ၄ယောက်ကျသွားတယ်။ KA တစ်ယောက် KNDF နှစ်ယောက် နောက်ပြီး ကလလတ ၁ယောက်လို့ ကြားတယ်။ မနေ့က ဗျူဟာစခန်းတိုက်တဲ့အချိန်မှာပေါ့”ဟု ခူညေးရယ်က ပြောသည်။

မယ်စဲ့မြို့နယ်ကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း၊ မယ်စဲ့သည် စစ်ရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ဒေသဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့က စစ်ရေးအရတွက်မယ်။ ဖွံ့ဖြိုးရေးအရ တွက်မယ်။ စီးပွားရေးအရ တွက်မယ်ဆိုရင် မယ်စဲ့မြို့နယ်က သူတို့ပြောပြောနေသလိုပါပဲ စစ်ရေးအရဆိုရင် ပြည်ပရန်ဆိုရင် အဲဒီလမ်းကြောင်းက အဖြောင့်ဆုံးပဲလေ။ ဒီနေပြည်တော် ကိုရောက်ဖို့က။ စီးပွားရေးလုပ်ရင်လည်း အဲဒီလမ်းက အမြန်ဆုံးပဲနေပြည်တော်ကို ပစ္စည်းရောက်ဖို့က။အရင်တုန်းက ဂျပန်တွေဆုတ်တဲ့လမ်းက အဲဒီလမ်းပဲလေ။ ဖွံ့ဖြိုးရေးဆိုလည်း အဲဒီ ပတ်ပတ်လည် တောင်တန်းတွေရှိတယ်။ အလယ်မှာ မြေပြင်တွေများတော့ ဖွံ့ဖြိုးရေးလာလုပ်ရင် အကုန်အကျ သက်သာတာပေါ့”ဟု ခူညေးရယ်က ပြောပြသည်။

မယ်စဲ့မြို့နယ်အတွင်း စစ်ကောင်စီတပ်များကိုကရင်နီပူးပေါင်းတပ်က တိုက်ခိုက်စဉ်စစ်ကောင်စီလက်အောက်၌ နယ်ခြားစောင့်တပ်(BGF)အဖြစ် ဖွဲ့စည်းထားသည့် တပ်ရင်း ၂ခုလည်းတော်လှန်ရေးအင်အား စုများနှင့်ပူးပေါင်းပြီး စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်နှင့် အပစ်ရပ်စဲထားသည့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ) တပ်ဖွဲ့ကလည်း တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်။ သီးခြားအတည်မပြနိုင်သေးသော်လည်း နယ်မြေချင်းစပ်ဆက်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်များလည်း ကရင်နီတပ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောကြားထားသည်။

(မ​ယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရမှုနှင့် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ- CJ)
(မ​ယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရမှုနှင့် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ- CJ)

အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီး အလွန်အကျွံအသုံးပြုတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ထောင်ချီ၍ ထိုင်းနိုင်ငံအတွင်းနှင့် နယ်စပ်သို့ တိမ်းရှောင်နေကြရပြီး စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများလည်း ပြည်သူ များနှင့်အတူရောနှောပြီး စစ်ဘေးရှောင်နေကြရသည်။

လက်ရှိတွင် မယ်စဲ့နှင့် ဆက်စပ်နေသည့် ဖားဆောင်းမြို့နယ်သို့ စစ်ကောင်စီတပ်များ စစ်အင်အားဖြည့်တင်းလာ၍ ယင်းဒေသ၌ တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟုဆိုသည်။

ထို့ပြင် လွိုင်ကော်၌ စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားသကဲ့သို့ သယ်ယူပို့ဆောင်ရေး လေယာဉ်များ အသုံးပြု စစ်အင်အားဖြည့်တင်းနေသည်ဆိုသည့် သတင်းများထွက်ပေါ်နေသည်။

“အင်အားတွေက လေယာဉ်နဲ့လာတယ်ဆိုတာက အဲဒီဘက်ကို ထပ်ပို့ဖို့ထင်တယ်။ ရဟတ်ယာဉ်နဲ့ ထပ်ပို့ရမှာ ဖာဆောင်း ၊ မယ်စဲ့ဘက်ကို”ဟု ခူညေးရယ်က ပြောသည်။

ဆက်လက်၍ ခူညေးရယ်က “တချို့လည်း ပြောကြတယ်။ လေယာဉ် ၆စီးပါတယ်တဲ့ ။စစ်ကောင်စီတပ်က တချို့ပါတယ်။ တချို့က လွိုင်ကော် မှာ အရေးကြီးစာရွက်စာတမ်းတွေ သိမ်းဆည်းခိုင်းတယ်တဲ့။ နောက်ပြီးတော့မှ တချို့အရာရှိ မိသားစုတွေလည်း လာခေါ်ထုတ်သွားတယ် အဲဒီလိုကြားရတယ်။ ပြီးတော့ ၂၈ရက်နေ့ကျတော့ သတင်းထူးတခုဖြစ်လာမယ်ဆိုပြီး ဝါဒဖြန့်ထားတာပေါ့။ ဟုတ်လား မဟုတ်လားတော့မသိဘူး” ဟု ပြောကြားသည်။

ကရင်နီဒေသသို့ စစ်ကောင်စီတပ်က တပ်ရင်း အများအပြားအသုံးပြုပြီး ယခုနှစ်ဆန်းတွင်ထိုးစစ်ဆင်မှုများလုပ်ဆောင်ခဲ့သော်လည်း ကရင်နီပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အထိနာခဲ့သည်။