Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေးတိုင်းရှိ PDFတပ်ရင်းငါးခုကို NUG လက်နက် တပ်ဆင်ပေး

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို လက်နက်တပ်ဆင်ရာတွင် တပ်ရင်းလိုက် တပ်ဆင်နေရာမှ ယခုအခါ တပ်ရင်း ငါးရင်းကို တပြိုင်နက်တပ်ဆင်ပေးနိုင်လာခြင်းဖြစ်သည်။

(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)

မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင် လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို လက်နက်တပ်ဆင်ရာတွင် တပ်ရင်းလိုက် တပ်ဆင်နေရာမှ ယခုအခါ တပ်ရင်း ငါးရင်းကို တပြိုင်နက်တပ်ဆင်ပေးနိုင်လာခြင်းဖြစ်သည်။

(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)
(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)

NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်မှု အခမ်းအနားကို ဇွန်လ ၂၃ရက်က ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

ထိုအခမ်းအနားတွင် တာဝန်ရှိသူများက မကွေးတိုင်းရှိ PDFတပ်ရင်း ငါးရင်းကို လက်နက်များတပ် ဆင်ပေးခဲ့ခြင်းဖြစ်သည်။

(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)
(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)

“မကွေးတိုင်းထဲမှာ ခရိုင်တပ်ရင်းတွေကို NUG ဘက်က လက်နက်တပ်ဆင်မှုတွေ လုပ်ပေးနေတာကြာပါပြီ။ (တပ်)ခွဲမှုး၊ ဒုခွဲမှူးတွေ သင်တန်းတက်ရတယ်။ တပ်ဖွဲ့ဝင်တွေလည်း သင်တန်းတက်ရတယ်။ ဒီသင်တန်းတွေတတ်ပြီးရင် လက်နက်တပ်ဆင်မှုက ရှိလာတာပါ”ဟု မကွေးတိုင်းအခြေစိုက် ခရိုင်တပ်ရင်းမှူးတစ်ဦးက ပြောသည်။

တစ်နှစ်ဗျူဟာနှင့်အညီ စစ်ဆင်ရေးစီမံချက်များကို အကောင်အထည်ဖော်နေပြီး လက်နက်တပ်ဆင်မှုများ ကြိုးစားဆောင်ရွက်နေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်ထားသည်။