Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇွန်လ ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ဒီနေ့ (ဇွန်လ ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း

မယ်စဲ့မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းယူ

မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်နီပူး​ပေါင်းတပ်များက ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောပါတယ်။ ဇွန်လ ၁၃ ရက်က ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုနဲ့ ရဲစခန်းတစ်ခုကို တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်နေတဲ့ တပ်စခန်းများ သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်လျက်ရှိကာ တပ်စခန်းအချို့ ထပ်မံသိမ်းဆည်းရရှိခဲ့တာလို့ သိရပါတယ်။ မနေ့ မနက်အစောပိုင်းက မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ အခြေစိုက်စခန်းတစ်ခု(မယ့်စဲမြိုမှ ဗျူဟာကုန်း ဟုလည်း​ခေါ် )ကို ကရင်နီပူးပေါင်းတပ်များက ထပ်မံသိမ်းယူခဲ့ကာ စခန်းသိမ်းခံရပြီး​နောက် စစ်တပ်က ရဟတ်ယာဥ်နဲ့ လေးကြိမ် လာ​ရောက်ပစ်ခတ်စစ်ကူ​ပေးခဲ့​တယ်လို့ ဆိုပါတယ်။

(မယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရပုံ/ KNDF နှင့် KA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF ၊KA)
(မယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရပုံ/ KNDF နှင့် KA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF ၊KA)

ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်းသေဟု PDF ပြော

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ ဖားဆောင်း PDF တာဝန်ရှိသူက ပြောပါတယ်။ ဖားဆောင်းမြို့နယ် ကျောက်ပိန်းညိုကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဘောလခဲခရိုင် ပူးပေါင်းဗျူဟာစစ်ကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1108 နဲ့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1105က ဇွန်လ ၂၀ ရက်ကစလို့ ပြန်လည်ထိုးစစ်ဆင်တိုက်ထုတ်ခဲ့တာလို့ PDFက ထုတ်ပြန်ထားပါတယ်။ ဘောလခဲခရိုင် ပူးပေါင်းဗျူဟာစစ်ကြောင်းဟာ ကျောက်ပိန်းညိုကျေးရွာသို့ စတင်ဝင်ရောက်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ် သံလွင်တံတား(ဖားဆောင်း)ဖက်သို့ ဆုတ်ခွာသွားပြီး လက်နက်ကြီးများနဲ့ အလွန်အကျွံ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

(ဖားဆောင်းPDF မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ဖားဆောင်း PDF)
(ဖားဆောင်းPDF မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – ဖားဆောင်း PDF)

မကွေးတိုင်းရှိ PDFတပ်ရင်းငါးခုကို NUG လက်နက် တပ်ဆင်ပေး

မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ကြေညာပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်များကို လက်နက်တပ်ဆင်ရာမှာ တပ်ရင်းလိုက် တပ်ဆင်နေရာမှ လက်ရှိမှာ တပ်ရင်း ငါးရင်းကို တပြိုင်နက်တပ်ဆင်ပေးနိုင်တာဖြစ်ပါတယ်။ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပတဲ့ စုဖွဲ့၊လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ်(၆) သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်မှု အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တာလို့ ဖော်ပြပါတယ်။

ဝက်လက်နယ်အနောက်ခြမ်း စစ်ကောင်စီတပ် သုံးရက်အတွင်း ပြည်သူလေးဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်က သုံးရက်အတွင်း ပြည်သူ လေးဦးကိုသတ်ဖြတ်ပြီး အိမ်ခြေရာချီ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ဇွန်လ ၂၂ ရက် မနက်ပိုင်းက ဝက်လက်မြို့မှထွက်ခွါလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ တကောင်းမင်းကျေးရွာရှိ နေအိမ် ၁၅ လုံး၊ ကား တစ်စီးနဲ့ ဆိုင်ကယ် ရှစ်စီးကို မီးရှို့ဖျက်ဆီး အသက်(၅၀)နဲ့ အသက်(၃၀)အရွယ်ရှိ အမျိုးသားနှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၁ ရက်မှာ တကောင်းမင်းကျေးရွာမြောက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုများ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား နှစ်ဦးသေဆုံးကာ အထိအခိုက်များတယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်က ​ဒေသခံအမျိုးသား နှစ်ဦးကို PDFဟုစွပ်စွဲကာ ဖမ်းဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇွန်လ ၂၀ ရက်ကလည်း ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာရှိ အသက်(၅၀)ခန့် ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

(တကောင်းမင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(တကောင်းမင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

ဆားလင်းကြီးနယ်ရှိ ညောင်ပင်ကြီးရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့နေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းမှာ ထပ်မံမီးရှို့နေပြီး ပစ်ခတ်မှုများလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံများက ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ညောင်ပင်ကြီးရွာစခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မကြာခဏ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ညောင်ပင်ကြီးကျေးရွာကို သုံးနေရာခွဲပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံများက ပြောပါတယ်။ ညောင်ပင်ကြီးရွာ ဒေသမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုနဲ့ စစ်ရှောင်ရင်း ကျန်းမာရေးမကောင်းလို့ သေဆုံးသူပြည်သူ စုစုပေါင်း ၁၅ ဦးအထက်ရှိနိုင်တယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက ခန့်မှန်းပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်အရေအတွက်များပြားနေပြီး နေ့စဥ်လူဦးရေထောင်ချီ ကျွေးမွေးနေရသဖြင့် ရိက္ခာအခက်အခဲများရှိနေတယ်လို့ သိရပါတယ်။

(ညောင်ပင်ကြီးကျေးရွာအား စစ်အုပ်စုကမီးရှို့နေသည်ကို အဝေးကမြင်တွေ့ရစဥ်။ ဓာတ်ပုံ- Cj)
(ညောင်ပင်ကြီးကျေးရွာအား စစ်အုပ်စုကမီးရှို့နေသည်ကို အဝေးကမြင်တွေ့ရစဥ်။ ဓာတ်ပုံ- Cj)

လောက်ကိုင်မြို့မှာ ပစ်ခတ်မှု​တွေဖြစ်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့‌မှာ မနေ့ ညပိုင်းက သေနတ်ပစ်ခတ်တိုက်ခိုက်မှု​တွေဖြစ်ပွါးခဲ့ရာ ဒဏ်ရာရသူ​တွေ ရှိတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။ လောင်းကစားရုံနှစ်ရုံ ပြဿနာဖြစ်ပြီး လုံခြုံရေးအဖွဲ့ချင်း ပစ်ခတ်တိုက်ခိုက်ကြတာလို့လည်း ဆိုကြပါတယ်။ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့​ရွှေဖီ​မြေက​တော့ ပစ်ခတ်မှု​တွေဟာ ၁ နာရီ​လောက်ကြာခဲ့ပြီး​တော့ ပစ်ခတ်မှု​တွေအတွင်းလက်နက်ကိုင်ထားသူ နှစ်ဦး​သေဆုံး​နေတဲ့ရုပ်အ​လောင်း​တွေ​တွေ့ရ တယ်လို့​ဖော်ပြထားပါတယ်။ ရုပ်သံဖိုင်အချို့မှာပစ်ခတ်မှု​ကြောင့်လူ​တွေထွက်​ပြေး​နေကြသလို ၊လက်နက်ကိုင်​ပြောက်ကျားယူနီ​ဖောင်းဝတ်ထားသူတစ်ဦးဒဏ်ရာရလို့ ကျန်နှစ်ဦးကသယ်​နေတာကိုလည်း​တွေ့ရပါတယ်။

ဒဂုံဆိပ်ကမ်း YMBA ဥက္ကဌ ပစ်ခတ်ရှင်းလင်းခံရ၊ မန္တလေးမှာလည်း ရာအိမ်မှူးတစ်ဦး နေအိမ်မှာ ပစ်သတ်ခံရ

ရန်ကုန်တိုင်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် YMBA (ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း) ဥက္ကဌ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) လှကြည်ကို သေနတ်နဲ့ ၁၂ ချက် ပစ်ခတ်ခဲ့တယ်လို့ Dagon Seikkan PDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လှကြည်ဟာ ဆေးရုံရောက်ပြီး ခဏအကြာမှာ သေသွားတယ်လို့ကြားရပြီး စစ်ဆင်ရေးလုပ်ဆောင်တဲ့ အဖွဲ့သားအားလုံး ဘေးကင်းတယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကျွန်းလုံးဥသျှောင်ရပ်ကွက် ရဲ့ အကွက် ၅၀၀ ရာအိမ်မှူး ဦးမြတ်ထူး မနေ့ညပိုင်းကပဲ နေအိမ်မှာ ပစ်ခတ်ခံရလို့သေဆုံးသွားပါတယ်။