Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်အဖွဲ့ခေါင်းဆောင် ရဲအုပ် ထောင်ကနေ ပြန်လွတ်လာ

ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ စစ်တပ်အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာ မတရားဖမ်းဆီးခံရကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ထောင် သုံးနှစ်ချခံရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်အဖွဲ့ခေါင်းဆောင် ရဲအုပ် ထောင်ကနေ ပြန်လွတ်လာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်အဖွဲ့ခေါင်းဆောင် ရဲအုပ် ထောင်ကနေ ပြန်လွတ်လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ဒီနေ့မနက်ပိုင်းမှာ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ထံက သိရပါတယ်။

“သူနေကောင်းပါတယ်၊ သူလျော့ရက်ရပြီး ၃နှစ်မပြည့်ခင်မှာ လွတ်လာတာပါ”ဟု နီးစပ်သူတစ်ဦးကလည်းပြောပါတယ်။

ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ စစ်တပ်အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာ မတရားဖမ်းဆီးခံရကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ထောင် သုံးနှစ်ချခံရတာပါ။

အလားတူပါပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ဝင် ဒုရဲအုပ်ချယ်ရီထက် ဟာလည်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့ ထောင်ဒဏ် ၅ နှစ်ချခံထားရပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိဖြစ်သူ နိုင်ငံသမ္မတရုံး၊ သတင်းနဲ့ လုံခြုံရေးဆိုင်ရာ ဌာနကြီး ရဲ့ ဒုညွှန်မှူး ဦးအောင်နိုင်ဦးကိုလည်း စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချထားတာရှိပါတယ်။

သူတို့ ၂ ဦးကိုလည်း ရမည်းသင်းထောင်မှာ ဖမ်းဆီး အကျဉ်းချထားတယ်လို့သိရပါတယ်။