Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ မုံရွာ – မန္တလေးလမ်း ယာယီပိတ်

မုံရွာမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ခြေရှုပ်နေပြီး ပြည်သူများသတိထားသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနေသည်။

(မုံရွာ - မန္တလေးလမ်းပေါ် လမ်းပိုင်းယာယီပိတ်ထားစဥ် စောင့်ဆိုင်းနေသော မော်တော်ယာဥ်များ။ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းပေါ် လမ်းပိုင်းယာယီပိတ်ထားစဥ် စောင့်ဆိုင်းနေသော မော်တော်ယာဥ်များ။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၅ရက်) နံနက်ပိုင်းတွင် မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးနေ၍ ယာယီပိတ်ထားကြောင်း၊ ပြည်သူများ၏ လုံခြုံရေးအတွက် သွားလာခြင်းမပြုကြရန်နှင့် မလိုက်နာသူများ၏ လုံခြုံရေးအတွက် အာမခံမည်မဟုတ်ကြောင်း မြင်းမူအခြေစိုက် Ghost Team Ranger-MMU အဖွဲ့က ထုတ်ပြန်သည်။

မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်း၌ စစ်အုပ်စုခြေရှုပ်နေ၍ တားမြစ်ရခြင်းဖြစ်ကြောင်း Area 71 People’s Defense Force အဖွဲ့က ဆိုသည်။

“ဘီးတပ်ထားတဲ့ အမြှောက်တွေကို ကားနောက်ကနေ ဆွဲသွားတယ်။မုံရွာမြောက်ပိုင်းကနေ တောင်ဘက်(မုံရွာ-မန္တလေးလမ်းဘက်)ဆွဲသွားတာ”ဟု မုံရွာနယ်ကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

မုံရွာမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ခြေရှုပ်နေပြီး ပြည်သူများသတိထားသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနေသည်။