Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သန်လျင်တွင် ဗုံးပေါက်ရာနေရာ ရှာဖွေသည့်စစ်ကောင်စီတပ်သားများ ပေါက်ကွဲမှုထပ်ဖြစ်၍ သုံးဦးဒဏ်ရာရဟုဆို

သန်လျင်မြို့နယ်၌ ပြုလုပ်ခဲ့သည့်နေရာသည် စစ်ကောင်စီများက ပြည်သူများ၏ဆိုင်ကယ်များကို အတင်းအကျပ် စစ်ဆေးသည့်နေရာဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

(စစ်တပ်အာဏာသိမ်းပြီးစ ညအချိန် ကင်းလှည့်နေသည့် ရဲများအား တွေ့ရစဥ်။ ပုံအဟောင်းဖြစ်ပါသည်။)
(စစ်တပ်အာဏာသိမ်းပြီးစ ညအချိန် ကင်းလှည့်နေသည့် ရဲများအား တွေ့ရစဥ်။ ပုံအဟောင်းဖြစ်ပါသည်။)

ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် ‌ဗုံးပေါက်သည့်နေရာကို ရှာဖွေရေးပြုလုပ်ရာ ပေါက်ကွဲမှုထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဇွန် ၅ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေရေးလုပ်ဆောင်ခဲ့ရာမှ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနာတင်ကားများသွားရောက်ခဲ့ကြောင်း ဒေသတွင်းသတင်းများကိုဖော်ပြပေးနေသည့် သန်လျင်မီဒီယာက သတင်းဖော်ပြထားသည်။

“နေလည့်က သုံးယောက်ထိတယ်လို့ သိရပါတယ်။” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ခရိုင် လေးခုရှိ စစ်ရေးပစ်မှတ် ခြောက်နေရာကို ဇွန်လ ၄ ရက်ညက မဟာမိတ်အင်အားစုများက ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ်၌ ပြုလုပ်ခဲ့သည့်နေရာသည် စစ်ကောင်စီများက ပြည်သူများ၏ဆိုင်ကယ်များကို အတင်းအကျပ် စစ်ဆေးသည့်နေရာဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ဇွန်လ ၄ ရက် ညကပြုလုပ်ခဲ့သည့်စစ်ဆင်ရေးများကို Anonymous Fighters Force -AFF မှ ဦးဆောင်၍ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army – EGA ၊Rangoon Urban Force တို့က ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သန်လျင် နှင့်လှိုင်သာယာမြို့နယ် တိုက်ခိုက်မှုများတွင် ဒဏ်ရာရရှိသူ သုံးဦးထက်မနည်းရှိကြောင်း ထုတ်ပြန်ထားသည်။