Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌကို စစ်တပ် သတ်ဖြတ်လိုက်တယ်လို့ ဗကသ အသိပေး

ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ဦးကို ထောင်ထဲကနေ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီးနောက်အဆက်အသွယ်ပြတ်တောက်သွားတာပါ။

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌကို စစ်တပ် သတ်ဖြတ်လိုက်တယ်လို့ ဗကသ အသိပေး
ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌကို စစ်တပ် သတ်ဖြတ်လိုက်တယ်လို့ ဗကသ အသိပေး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသား ကိုခန့်လင်းနိုင်ကို စစ်ကောင်စီက သတ်ဖြတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့မနက်ပိုင်းမှာအသိပေးပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ဦးကို ထောင်ထဲကနေ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီးနောက်အဆက်အသွယ်ပြတ်တောက်သွားတာပါ။

အဆက်အသွယ်ပြန်ရချိန် မှာတော့ ကိုခန့်လင်းနိုင် စစ်တပ်လက်ချက်နဲ့သေဆုံးသွားပြီဆိုတာကို မနေ့ ဇူလိုင်လ ၇ ရက်မှာ သိရတာလို့ ဗကသများအဖွဲ့ချုပ်ကဆိုပါတယ်။

” မနေ့ညကမှ ကိုခန့်လင်းနိုင် ကျသွားပြီ ဆိုတဲ့ သတင်းကို ကြားရတာပါ။ ကျွန်တော်လည်း မယုံနိုင်လို့ မဟုတ်ပါစေနဲ့ ဆုတောင်းနေတာ ဆုတောင်းမပြည့်ခဲ့ဘူး။ ဒီမနက် ဗကသအဖွဲ့ချုပ်မှာလည်း ကိုခန့်လင်းနိုင် ကျသွားတဲ့ သတင်း တင်ထားတာ တွေ့ပါတယ်။ ဖြစ်စဥ်အသေးစိတ်ကိုတော့ သေချာမသိရသေးဘူး။ စုံစမ်းနေကြတုန်းပါပဲ ” လို့ တော်လှန်ရေးအင်အားစုမှ ကျောင်းသားတစ်ဦးက ပြောပါတယ်။

ပဲခူးခရိုင် ဗကသ ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်းဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် ၁၅ နှစ်ချထားတာဖြစ်ပါတယ်။

မုံရွာထောင်မှာလည်း ဗကသ ကျောင်းသား ကိုနိုင်ထွန်းဦးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ထောင်ကနေ ခေါ်ထုတ်သွားပြီး ဒီနေ့ထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။