Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ်မြို့နယ်တွင်စစ်တပ်က ပြည်သူနှစ်ဦးကိုဖမ်းဆီးပြီးတစ်ဦးကိုသတ် ၊စစ်တပ်ကလက်နက်ကြီးများ​ ပစ်ခတ်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း၊ ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ အင်းပတ်ကွေ့ရှိ စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာမှပျူ​စောထီးများ စုစု​ပေါင်း အင်အား ၂၀ ​ကျော်သည်ယမန်နေ့(ဇူလိုင်လ၇ရက်)နံနက်ပိုင်းက မြကန်ကျေးရွာသို့ဝင်ရောက်လာခဲ့သည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

▪︎ထိုစစ်တပ်နှင့် ပျူစစ်​ကြောင်းကို ​​​ဒေသခံကာကွယ်​ရေးတပ်များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူတစ်ဦးကို မီးရှို့သတ်ဖြတ်သွားပြီး လက်နက်ကြီးများ​ပစ်ခတ်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း၊ ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ အင်းပတ်ကွေ့ရှိ စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာမှပျူ​စောထီးများ စုစု​ပေါင်း အင်အား ၂၀ ​ကျော်သည်ယမန်နေ့(ဇူလိုင်လ၇ရက်)နံနက်ပိုင်းက မြကန်ကျေးရွာသို့ဝင်ရောက်လာခဲ့သည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ထို့​နောက်ကျေးရွာအတွင်းမှ ရိက္ခါများကို သယ်ဆောင်သွားပြီး နေအိမ်(၂)လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ​ဒေသခံ အမျိုးသား၂ ဦးကို ဖမ်းဆီးပြီး ၁ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“နှစ်ယောက်အဖမ်းခံရတယ်။ တစ်ယောက်က မီးရှို့ခံထားရတယ်။ အလောင်းတွေ့ပေမယ့် ဘယ်သူဘယ်ဝါမသိရသေးဘူး။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောသည်။

ယနေ့( ဇူလိုင်လ၈ရက်) နံနက်ပိုင်းတွင်လည်းအင်းပတ်ကျေးရွာနှင့် ချမ်းသာကုန်းကျေးရွာများဘက်သို့ လက်နက်ကြီးငယ်များ ပစ်ခတ်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

အဆိုပါ စစ်တပ်နှင့်ပျူများပါ​သောစစ်​ကြောင်းကို ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ​ဒေသခံကာကွယ်​ရေးတပ်များကပဒေသာမိုင်း(၂)တွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများပြားကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“မိုင်းကနှစ်တွဲဆွဲတာ။ လေးကောင်ကရှေ့တိုးကင်းတက်လာတာ။ တက်လာပြီး လက်နက်ငယ်နဲ့လာပစ်တာ။ ပစ်တဲ့အခါမှာမိုင်းကွင်းထဲရောက်တယ်။ မိုင်းဆွဲလိုက်တယ်။ လေးကောင်လုံး ကျသွားတယ်။ နောက်ထပ်ကောင်တွေထပ်တက်လာတော့ ထပ်ဆွဲတာ။ ဒဏ်ရာတွေရသွားတယ်။”ဟု KSO အဖွဲ့တာဝန်ခံက ဆိုသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်ရှိ ကုန်းကြီးရွာက နေအိမ် ၂၅လုံး၊ လယ်သစ်တောကျေးရွာမှ နေအိမ် ၂လုံး မီးရှို့သွားပြီး ကုန်းကြီးရွာ၌ ပြည်သူတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ကာ မီးရှို့သွားသည်။ ထို့အပြင် ပြည်သူ(၂၀)ထက်မနည်း ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။