Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ

ရဲစခန်း နေရာတွေကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့ပြီး ဓာတ်အားခွဲရုံကိုတော့ မိုင်းခွဲ ခဲ့တာလို့ အထူးစစ်ဆင်ရေးအဖွဲ့ က ဆိုထားပါတယ်။

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထဲက ရဲစခန်း အချို့နဲ့ ဓာတ်အားခွဲရုံကို ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ NUG လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့ က အသိပေးပါတယ်။

တိုက်ခိုက်ခဲ့တဲ့ နေရာတွေကတော့ မွန်ပြည်နယ် သံဖြူဇရပ်မြို့ တောင်ကလေးရဲစခန်း ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တိုင်ရဲစခန်းနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဓာတ်အားခွဲရုံ တို့ဖြစ်တယ်လို့သိရပါတယ်။

ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ
ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ

တိုက်ခိုက်မှုတွေကို ဇူလိုင်လ ၆ ရက်ပြုလုပ်တာဖြစ်ပြီး KNU နဲ့ PDF ပူးပေါင်းတပ်တွေဆောင်ရွက်တာလို့သိရပါတယ်။

ရဲစခန်း နေရာတွေကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့ပြီး ဓာတ်အားခွဲရုံကိုတော့ မိုင်းခွဲ ခဲ့တာလို့ အထူးစစ်ဆင်ရေးအဖွဲ့ က ဆိုထားပါတယ်။

ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ
ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ

ဓာတ်ခွဲရုံက ဓာတ်အားကို ပြည်သူတွေအတွက်ခွဲဝေမသုံးဘဲ စစ်တပ်ရဲ့ တပ်ရင်း ၊ဗျုဟာကုန်းနဲ့ CCTV လိုလုံခြုံရေးကွန်ရက်အတွက် သာ အသုံးပြုတဲ့အတွက် ဖောက်ခွဲရတာလို့ S.O.F တာဝန်ခံတပ်မှူးက ပြောပါတယ်။