Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်မှ ကသာသို့ ဧရာဝတီမြစ်အတိုင်းစစ်တပ်အ​ပြောင်းအ​ရွေ့လုပ်စဥ်​​သေနတ်ဖြင့်ရမ်းပစ်၍ ​သားအဖနှစ်ဦး​သေဆုံး

ကသာမြို့နယ်၊ မိုးတာလေးကျေးရွာနှင့် အထက်ဝဲကြီးရွာတွင် စစ်‌ကောင်စီ စစ်ကြောင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၅ရက်နှင့် ၇ရက်တွင်တိုက်ခိုက်ခဲ့ကြကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

(ချင်းတွင်းမြစ်အတွင်းစစ်​ကောင်စီတပ်၏ ​ရေယာဥ်တစ်စင်းကို ဇွနမလအတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-အညာပစ်တိုင်း​ထောင်​လေးများ)
(ချင်းတွင်းမြစ်အတွင်းစစ်​ကောင်စီတပ်၏ ​ရေယာဥ်တစ်စင်းကို ဇွနမလအတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-အညာပစ်တိုင်း​ထောင်​လေးများ)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းမှတဆင့် တပ်အပြောင်းအရွှေ့ပြုလုပ်သည့် စစ်ကောင်စီတပ်ကမြစ်ကမ်း​ဘေး​ကျေးရွာများကိုသေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်၍ ​ဒေသခံသားအဖနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

ယမန်‌နေ့(ဇူလိုင်လ ၉ရက်) နေ့လည်က စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ကြောင်းမှတဆင့်သံခွန်(ရေယာဉ်)ဖြင့် ကသာဖက်သို့ ဆန်တက်စဉ် မြစ်ကမ်းဘေးရွာများကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။စစ်တပ် ပစ်ခတ်မှု​ကြောင့်ထီချိုင့်မြို့နယ် ၊ကမ်းနီရွာမှ သားအဖနှစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။

“မြတောက်ဆိပ်ကနေထွက်သွားတာ။ ကသာဖက်ကို ဆန်သွားတာ။ စစ်‌​ေးတွေ ရမ်းပစ်သွားလို့ ကမ်းနီရွာက သားအဖနှစ်ယောက်သေဆုံးတယ်။ ဒီရက်ပိုင်း ထီးချိုင့်နယ်ထဲမှာ စစ်တပ်က အင်အားတိုးနေတယ်”ဟု ၎င်းကပြောသည်။

သေဆုံးသည့် ကမ်းနီရွာမှ သားအဖနှစ်ဦး၏အချက်အလက်အ​သေးစိတ်ကိုမသိရ​သေးဘဲ People’s Spring ကစုံစမ်း​နေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၈ ရက်ကလည်း ထီးချိုင့်မြို့ပေါ်သို့ ရဟတ်ယာဉ်ဖြင့် စစ်သားများထပ်ပို့၍အင်အားဖြည့်သွားသည်ဟု မြို့ခံများကပြောသည်။ ယခုရက်ပိုင်းတွင် ထီးချိုင့်နှင့် ကသာမြို့တို့တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ ဒေသခံများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များကသတိပေးသည်။