Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင်ဆက်ဆံမှုရှိသည့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကို ထုတ်ပယ်ရန် ဂျပန်အစိုးရအား တိုင်ကြား၍ ဆာဆာကာဝါကို အပစ်ရပ် ၆ဖွဲ့က ထောက်ခံကြောင်းထုတ်ပြန်

နီပွန်​ဖောင်​ဒေးရှင်သည် စစ်တပ်နှင့်အပစ်ရပ်ထား​သောအဖွဲ့များထဲမှ စစ်​ကောင်စီတပ်ကို မတိုက်​သောအဖွဲ့များ၏​ဒေသများကိုသာ လူသားချင်းစာနာ​ထောက်ထားမှု​ခေါင်း​စဥ်ဖြင့်ဆန်နှင့် စားနပ်ရိက္ခာများ​ထောက်ပံ့​ပေးခြင်းဖြစ်သည်။

(နီပွန်​ဖောင်​ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါနှင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင်တို့ကို ၂၀၂၀ ခုနှစ်ကအတူတကွ​တွေ့ရစဥ်။ ဆာဆာကာဝါကို​ထောက်ခံ​ကြောင်း အပစ်ရပ် ၆ ဖွဲ့​၏ ထုတ်ပြန်ချက် ။ဓါတ်ပုံ-နီပွန်​ဖောင်​ဒေးရှင်း)
(နီပွန်​ဖောင်​ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါနှင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင်တို့ကို ၂၀၂၀ ခုနှစ်ကအတူတကွ​တွေ့ရစဥ်။ ဆာဆာကာဝါကို​ထောက်ခံ​ကြောင်း အပစ်ရပ် ၆ ဖွဲ့​၏ ထုတ်ပြန်ချက် ။ဓါတ်ပုံ-နီပွန်​ဖောင်​ဒေးရှင်း)

-“အဲဒီလိုပတ်သက်လို့အသိအမှတ်ပြုသွားတယ်တို့တရားဝင်သွားတယ်တို့ ဆိုတာ မဟုတ်ပါဘူး” ဗိုလ်မှူးကြီးခွန်ဥက္ကာ

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုပြုလုပ်နေသည့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါကို ထုတ်ပြန်ရန် ဂျပန်အစိုးရထံ တိုင်ကြားမှုများ ရှိနေသည့်အပေါ် ဆာဆာကဝါက စိတ်ထိခိုက်နေ၍ နိပွန်ဖောင်ဒေးရှင်း၏ အကူအညီများ လက်ခံရယူနေသည့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၆ဖွဲ့ကနိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌအားထောက်ခံကြောင်းကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) စသည့် အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် အပစ်ရပ်အဖွဲ့များ ပူးပေါင်းပြီး နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ၏ မြန်မာ့ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု အကူအညီ ပေးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှု အပေါ် ထောက်ခံ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(နီပွန်​ဖောင်​ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါနှင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင်တို့ကို ၂၀၂၀ ခုနှစ်ကအတူတကွ​တွေ့ရစဥ်။ ဆာဆာကာဝါကို​ထောက်ခံ​ကြောင်း အပစ်ရပ် ၆ ဖွဲ့​၏ ထုတ်ပြန်ချက် ။ဓါတ်ပုံ-နီပွန်​ဖောင်​ဒေးရှင်း)
(နီပွန်​ဖောင်​ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါနှင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင်တို့ကို ၂၀၂၀ ခုနှစ်ကအတူတကွ​တွေ့ရစဥ်။ ဆာဆာကာဝါကို​ထောက်ခံ​ကြောင်း အပစ်ရပ် ၆ ဖွဲ့​၏ ထုတ်ပြန်ချက် ။ဓါတ်ပုံ-နီပွန်​ဖောင်​ဒေးရှင်း)

“တက်ကြွလှုပ်ရှားသူတချို့က ဂျပန်အစိုးရဆီ သွားပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနပေါ့ သွားပြီးတော့ ဆာဆာကာဝါကို ထုတ်ပစ်ဖို့တို့ အလုပ်ဖြုတ်ဖို့တို့ပေါ့ဗျာ ဆာဆာကာဝါကြောင့် လက်ရှိ စစ်ကောင်စီက တရားဝင်နေတယ် အဲဒီလို နောက်ပြီး အဲဒါတွေ သတင်းကြားတော့ ကျနော်တို့ အနေနဲ့က ဆာဆာ ကာဝါနဲ့အလုပ်လုပ်နေတာ၁၀နှစ်ကျော်အနှစ် ၂၀လောက်ရှိနေပြီ။ ကျနော်တို့ တိုင်းရင်းသား ပြည်သူ တွေ ဆီလည်း အကူအညီတွေ အများကြီးရတယ်။ ကျနော်တို့ မြို့ပြစီမံကိန်း၊ လမ်းတံတား ရေ၊မီး စာသင်ကျောင်း၊ ဆေးပေးခန်း အားလုံးရတဲ့အပြင် မနှစ်ကဆိုရင် ဆန်အိတ်ပေါင်း ခြောက်သောင်းကျော် ဒုက္ခသည်တွေကို ဝေပေးနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့အားကိုးနေရတဲ့ နိပွန်ဖောင်ဒေးရှင်း နဲ့ ဥက္ကဋ္ဌ ကြီးကိုအဲဒီလို တိုက်ခိုက်တာကိုကျနော်တို့ကမကျေနပ်လို့ ကန့်ကွက်တဲ့ သဘောပေါ့ဗျာ” ဟု ကြေညာ ချက်နှင့်ပတ်သက်ပြီး ပြောရေးဆိုခွင့် ရှိသူ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ယခင်အစိုးရ အဆက်ဆက် ကတည်းကတိုင်းရင်းသားနယ်မြေများရှိ IDPs များ စစ်ပြေး၊ စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များကို ကူညီပံ့ပိုးနေသည့် နိပွန်ဖောင်ဒေးရှင်ဥက္ကဋ္ဌ နှင့် ဖောင်ဒေးရှင်းအား တိုက်ခိုက်ထိုးနှက်နေမှုအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပြီး နိပွန်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

“အဲဒီတိုက်ခိုက်မှုကြောင့် ဥက္ကဋ္ဌကြီးကလည်း သူစိတ်ထိခိုက်သွားတယ်လို့ ကြားတော့ ကျနော်တို့က သူ့ဘက်က ရပ်တည်ကြောင်း ထုတ်ပြန်ပေးဖို့လိုတယ်ဆိုပြီး စဉ်းစားကြတာပါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ သာမက ပြည်သူလူထုအား နှိပ်စက်သတ်ဖြတ် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီနှင့်ပတ်သက်သူများ အနေဖြင့် ဝေဖန်ကန့်ကွက်မှုများ ကြုံရလေ့ရှိသည်။

ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးခွန်ဥက္ကာက“သူ(စစ်ကောင်စီ)နဲ့မပတ်သက်ဘဲနဲ့ကျနော်တို့ဒုက္ခသည်တွေ ဆန်မစားရဘူးလေဗျာ။ ပြဿနာက ဒုက္ခသည်တွေဆန်အငတ်ထားမလား၊ သူနဲ့မပတ်သက်ဘူးလား အဲဒီမေးခွန်းက ဖြစ်တော့ သူနဲ့ မပတ်သက်ဘဲနဲ့လည်းဆန်တွေကိုပို့ဖို့ သယ်ဖို့ ခွင့်ပြုချက်တွေက မရဘူး ။ဒါကြောင့် ကျနော်တို့က ပတ်သက်ရတယ်။ အဓိကကတော့ ကိုယ့်ပြည်သူ အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့ ပတ်သက်ရတာဖြစ်ပါတယ်။ အဲဒီလိုပတ်သက်လို့ အသိအမှတ်ပြုသွားတယ် တို့ တရားဝင်သွားတယ်တို့ ဆိုတာ မဟုတ်ပါဘူး” ဟုတုံ့ပြန်သည်။

နိုင်ငံတကာ အလှူရှင်များကိုလက်ခံရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်သက္ကာကဆိုသည်။

ဆာဆာကာဝါသည် အာဏာသိမ်း​ခေါင်း​နှင့် ရင်းနှီးသူဖြစ်သည်။ အာဏာသိမ်းပြီး​နောက်ပိုင်းမြန်မာနိုင်ငံသို့လာ​ရောက်ခဲ့ပြီး ၊အာဆီယံနိုင်ငံများနှင့် ဆာဆာကာဝါ​တွေ့ဆုံ​ဆွေး​နွေးမှုများတွင် စစ်​ကောင်စီအတွက် ​ပြောဆို​ဆွေး​နွေး​ပေးမှူများရှိ​ကြောင်း ​စောင့်ကြည်သူများက​ဝေဖန်ကြသည်။ထိုအပြင် ဂျပန်အစိုးရကအာဏာသိမ်း စစ်​ကောင်စီအ​ပေါ် အ​ရေးယူဒဏ်ခပ်မှုများမလုပ်ဘဲ ဆက်လက်ထိ​တွေ့ဆက်ဆံ​နေသည်မှာ ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်ဖြစ်​သော ဆာဆာကာဝါ၏စနက်မကင်းဟု နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူများက​ဝေဖန်​ထောက်ပြကြသည်။