Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေး- သိုင်းငင်း လမ်းကို ယနေ့မှစ၍ လုံးဝအသုံးမပြုရန် CDF ပန်ကြားချက်ထုတ်ပြန်

ကလေးမြို့နှင့် ချင်းပြည်နယ် မြောက်ပိုင်း အဓိက လမ်းမကြီးဖြစ်သည့် ကလေး – သိုင်းငင်း လမ်း အသုံးပြုနိုင်ရေး ပြန်လည် အကြောင်းကြားမည်ဖြစ်သည်ဟုလည်း အသိပေးထားသည်။

(က​လေး-သိုင်းငင်လမ်းပိုင်းတစ်​နေရာ။ဓါတ်ပုံ-Taingen)
(က​လေး-သိုင်းငင်လမ်းပိုင်းတစ်​နေရာ။ဓါတ်ပုံ-Taingen)

စစ်ကိုင်း-ချင်းအစပ်ရှိ ကလေး-သိုင်းငင်းလမ်းကို ယနေ့ ဇူလိုင် ၁၄ရက်မှစ၍ လုံး၀ အသုံးမပြုကြရန် တီးတိန်အခြေစိုက် ချင်းကာကွယ်ရေးတပ်(CDF)-CDM စီးယင်းက ထုတ်ပြန်သည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၁၁ရက်တွင် ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့တွင် ကလေး – သိုင်းငင်းလမ်းအသုံးမပြုရန် ပန်ကြားချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

ကလေးမြို့နှင့် ချင်းပြည်နယ် မြောက်ပိုင်း အဓိက လမ်းမကြီးဖြစ်သည့် ကလေး – သိုင်းငင်း လမ်း အသုံးပြုနိုင်ရေး ပြန်လည် အကြောင်းကြားမည်ဖြစ်သည်ဟုလည်း အသိပေးထားသည်။

ဒေသတွင်းစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီးCDF-CDMစီးယင်းတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီးပြန်ကြားချက် မရသေးပေ။

ဇူလိုင် ၁၁ရက် သိုင်းငင်းစခန်း စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄ဦးလည်း ကျဆုံးခဲ့သည်။ စစ်ကောင်စီတပ်ထံမှ သေနတ် ၁လက်နှင့် ကျည် ၇၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်းလည်း တိုက်ပွဲတွင်ပါဝင်သည့် ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNDF) တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။