Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့နယ်တွင်တစ်လခွဲအတွင်းတိုက်ပွဲ ၁၃ကြိမ်ဖြစ်ပွား

ဇွန်လနှင့် ဇူလိုင်လဒုတိယပါတ်အထိရှမ်း-ကရင်နီဒေသကြားရှိ ဖယ်ခုံ မြို့ ခေါင်းအိ၊စက်တော် ၌ တပ်စွဲထားသော ခလရ -၂၄၈ တပ်ကို တိုက်ခိုက်နေခြင်းဟုသိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ဓါတ်ပုံ-KRU)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ဓါတ်ပုံ-KRU)

▪︎စစ်​ကောင်စီတပ် ၁၉ ဦး​သေပြီး၊ဘက်နက်ခဲယမ်းအချို့ ရရှိဟု KRU ​ပြော

ဖယ်ခုံမြို့နယ် ရှိ ခေါင်းအိ နှင့် စက်တော် ကျေးရွာ ၌ ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၉ ဦးသေဆုံးကာ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က ယနေ့ ထုတ်ပြန်သည်။

ဇွန်လနှင့် ဇူလိုင်လဒုတိယပါတ်အထိရှမ်း-ကရင်နီဒေသကြားရှိ ဖယ်ခုံ မြို့ ခေါင်းအိ၊စက်တော် ၌ တပ်စွဲထားသော ခလရ -၂၄၈ တပ်ကို တိုက်ခိုက်နေခြင်းဟုသိရသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ (၁၉) ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်းဖော်ပြသည်။

ထို့အတူ စစ်ကောင်စီထံ မှ MG-3 ငါးကြင်းမှီး တစ်လက်နှင့် MA 3 တစ်လက်၊ တင့်ဖျက်မိုင်း နှင့် ကျည်ခဲယမ်းများရရှိခဲ့သည်။

Public Service Announcement
Public Service Announcement

“စကစ ဘက်က အင်အား ဖြည့်တင်းတာတွေ အဆက်မပြတ်လုပ်နေတယ်။အခု စုံစမ်းရသလောက်ဝင်လာတဲ့အရေအတွက်က ထောင်ဂဏန်းကျော်တယ်။ဒါကလည်း ဖယ်ခုံတစ်ခုတည်းတော့မဟုတ်ဘူး။လွိုင်ကော် မှာ စစ်အားတိုးသလို မယ်စဲ့ဘက်လည်း သွားတာရှိတယ်။ရှေ့လျှောက် တိုက်ပွဲက ဒီထက်ပိုလာဖို့ပဲရှိတယ်”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖယ်ခုံမြို့ရှိစစ်ကောင်စီတပ်စွဲနေရာများကို တိုက်ခိုက်မှု၌ KRU၊ SSDF (ရှမ်းတောင် ဒရုန်း တပ်ဖွဲ့) ၊LKPDF နှင့် ရှမ်းတောင်တပ်ပေါင်းစု အဖွဲ့ 1003၊1005, 1008, 1009 – IPDF၊SSLRU၊ NPT (ပ က ဖ)တပ်ရင်းများလည်း ပါဝင်သည်။

KRU ဖက်မှ ရဲဘော် (3) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဖယ်ခုံ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များကိုလည်း ကျန်းမာရေး ​ကောင်းမွန်၍ ဆေးကုသမှုခံယူလျက်ရှိ​ကြောင်းသိရသည်။