Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေး- ချင်း နယ်စပ်ရှိ ရင်းကဲရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရဟု ဒေသခံပြော

ကျင်ဒွေးမြို့ကို ရိက္ခာနှင့်လက်နက်ဖြည့်တင်းရန်သွားသည် အဆိုပါစစ်ကောင်စီယာဉ်တန်းသည် ဒေသခံကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ကြောင်းလည်း ဒေသခံများထံမှသိရသည်။

ဓာတ်ပုံ- အောင်ကြီးဖေ့စ်ဘွတ်ခ်

စစ်ကောင်စီ လက်နက်ကြီးကြောင့် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဟုဆို

ချင်းပြည်နယ် နှင့် မကွေးတိုင်း နယ်စပ် ဆောမြို့နယ် ရင်းကဲရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးဖြင့် ပစ်ခတ်ပြီး ရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၍ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံ အချို့က ပြောကြားသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း ကျင်ဒွေးမြို့ကို ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဆောမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်များနှင့် ယနေ့ မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကြားရသလောက် ရွာကို သူတို့ မီးလောင်ဗုံးနဲ့ပစ်ပြီးတော့ လေးငါးအိမ်လောက်ပဲ ကျန်တယ်လို့ ကြားရတယ်။ ရွာထဲမှ လူလည်းမရှိတော့ဘူး။ ဒီစစ်ကြောင်းလာလို့ အကုန်လုံးထွက်ပြေးတဲ့ဟာကို ရွာထဲကို မီးလောင်ဗုံးနဲ့ ပစ်တော့ တစ်ရွာလုံး မီးလောင်သွားတယ်လို့ ကြားရတယ်” ကန်ပက်လက်နယ်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းတွင် စစ်ကောင်စီအင်အား ၃၀၀ ခန့်ပါပြီး တင့်ကားတစ်စီးနှင့် JCV တစ်စီးအပါအဝင် စစ်ကား ၃၀ ကျော်ပါဝင်သည်ဟု ဒေသခံကာကွယ်ရေးတပ်များကပြောသည်။

ဆောမြို့နယ်အတွင်းရှိ ရင်းကဲရွာသည် အိမ်ခြေ ၃၀၀ ကျော်ပြီး နေအိမ်အားလုံးနီးပါး မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် လက်နက်ကြီးကျည်ထိမှန်သဖြင့် အသက် ၁၂ နှစ်အရွယ်မိန်းကလေးငယ် သေဆုံးခဲ့ရပြီး ဒေသခံပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသည့်အတွက်ကုသမှုပေးနေရကြောင်း ယောဒေသသတင်းများ ဖော်ပြနေသည့် ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားအသိပေးသည်။

“ စစ်ကြောင်းက နှစ်ကြောင်းထိုးနေတာ။ ကျောက်ထုဘက်ကနေ ကချောင်းဘက်ကို ထွက်လာတာ မနေ့က တောထဲမှာ ပျောက်နေတယ်။ အခု စစ်ကြောင်းက ဆိပ်ဖြူဘက်က တက်လာတာ။ ကပစ (၂၅)မှာ အိပ်ပြီးမှ ကျင်ဒွေးကို သွားတာ” ဟု ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံက ပြောသည်။

ကျင်ဒွေးမြို့ကို ရိက္ခာနှင့်လက်နက်ဖြည့်တင်းရန်သွားသည် အဆိုပါစစ်ကောင်စီယာဉ်တန်းသည် ဒေသခံကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ကြောင်းလည်း ဒေသခံများထံမှသိရသည်။

လက်ရှိတွင် ယင်းယာဉ်တန်းသည် ဒေသကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ရှေ့တိုးရန် ခက်နေပြီး ဖြည်းဖြည်းချင်းသာရွေ့နေကြောင်း၊ ယင်းစစ်ကောင်စီယာဉ်တန်းသည် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်ကို ရိက္ခာ လက်နက် ဖြည့်ဆည်းရန်သွားခြင်းဖြစ်သည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။

ကန်ပက်လက်မြို့နယ်ကို စစ်အင်အားဖြည့်တင်းလာခြင်းဖြစ်၍ စစ်ရေး အခြေအနေ တင်းမာကာ တိုက်ပွဲများ ဖြစ်နိုင်ခြေရှိ၍ ပြည်သူများ ဂရုစိုက်နေထိုင်ကြရန်လည်း သတိပေးထားသည်။