Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇူလိုင် ၁၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မြစ်ကြီးနားမှ နမ့်ဆန်ယာန်သို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသသို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မနေ့ညပိုင်းမှာ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဝိုင်းမော်မြို့နယ် မလန့်ယာန်ရွာအလွန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်တွေလည်း မြစ်ကြီးနားမှ နမ့်ဆန်ယာန်ဒေသသို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ဗန်းမော်မှ နန်ဆန်ယာန်သို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်များကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သတင်းရင်းမြစ်များက ပြောပါတယ်။

(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ)
(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ)

▪︎ဖယ်ခုံမြို့နယ်မှာ တစ်လခွဲအတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွား၊ စစ်​ကောင်စီတပ် ၁၉ ဦး​သေဆုံး

ဖယ်ခုံမြို့နယ်ရှိ ခေါင်းအိနဲ့ စက်တော်ကျေးရွာတို့မှာ ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၉ ဦးသေဆုံးကာ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇွန်လနဲ့ ဇူလိုင်လဒုတိယပါတ်အထိ ရှမ်း-ကရင်နီဒေသကြားရှိ ဖယ်ခုံမြို့ ခေါင်းအိ၊ စက်တော်မှာ တပ်စွဲထားတဲ့ ခလရ -၂၄၈ တပ်ကို တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က သေဆုံးသူ များပြားခဲ့သလို MG-3 ငါးကြင်းမှီး တစ်လက်၊ MA 3 တစ်လက်၊ တင့်ဖျက်မိုင်းနဲ့ ကျည်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KRU က အသိပေးပါတယ်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ဓါတ်ပုံ-KRU)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ဓါတ်ပုံ-KRU)

▪︎KNU တပ်မဟာ(၅)နယ်မြေ ဇွန်လအတွင်း တိုက်ပွဲ​ပေါင်း ၁၇၀ ကြိမ်ဖြစ်ပွား၊ စစ်​ကောင်စီတပ်မှ ၁၄၆ ဦး​သေဆုံးပြီး ၄၆ ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်မှာ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၁၇၀ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ဖွဲ့ဝင်များနဲ့ စစ်ကောင်စီအကြား ဖြစ်ပွားခဲ့တဲ့ စစ်ရေးအခြေအနေကို မနေ့က ထုတ်ပြန်ခဲ့တာပါ။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၄၆ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်ရဲ့ စစ်သုံးယာဉ် တစ်စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ KNLA တပ်မဟာ(၅)ဘက်ကလည်း တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

(KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BNI)
(KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BNI)

▪︎ကလေး- သိုင်းငင်းလမ်းကို ဒီနေ့ကစလို့ လုံးဝအသုံးမပြုဖို့ CDF ပန်ကြားချက်ထုတ်ပြန်

စစ်ကိုင်း-ချင်းအစပ်ရှိ ကလေး-သိုင်းငင်းလမ်းကို ဒီနေ့ကစလို့ လုံး၀ အသုံးမပြုကြဖို့ တီးတိန်အခြေစိုက် ချင်းကာကွယ်ရေးတပ်(CDF)-CDM စီးယင်းက ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၁၁ ရက်က ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ဒီနေ့မှာ ကလေး-သိုင်းငင်းလမ်းအသုံးမပြုဖို့ ပန်ကြားချက် ထုတ်ပြန်လာတာပါ။ ကလေးမြို့နဲ့ ချင်းပြည်နယ် မြောက်ပိုင်း အဓိက လမ်းမကြီးဖြစ်တဲ့ ကလေး-သိုင်းငင်းလမ်း အသုံးပြုနိုင်ရေး ပြန်လည် အကြောင်းကြားမယ်လို့ အသိပေးပါတယ်။

(က​လေး-သိုင်းငင်လမ်းပိုင်းတစ်​နေရာ။ဓါတ်ပုံ-Taingen)
(က​လေး-သိုင်းငင်လမ်းပိုင်းတစ်​နေရာ။ဓါတ်ပုံ-Taingen)

▪︎မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ်တိုင်းကို ရှုတ်ချကြောင်း အာဆီယံ ထုတ်ပြန်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း အာဆီယံက ထုတ်ပြန်ခဲ့ပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ခုကို ဆက်လက်စွဲကိုင်သွားမယ်လို့လည်း ကြေညာသွားခဲ့ပါတယ်။ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အဖွဲ့ဝင်နိုင်ငံ မြန်မာရဲ့ ပြည်တွင်းရေး ပြဿနာဟာ အရှေ့တောင်အာရှ ၁၀ နိုင်ငံ စုထားတဲ့ အာဆီယံအတွက် အကြီးမားဆုံး ခေါင်းခဲစရာ ကိစ္စမျိုး ဖြစ်လာခဲ့ပါတယ်။ အာဆီယံ နိုင်ငံတွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ အများပြည်သူပိုင် အဆောက်အအုံတွေ ဖျက်ဆီးခံရမှုမျိုး အကြမ်းဖက် လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြထားခဲ့ပါတယ်။

▪︎ဒေါ်အောင်ဆန်းစုကြည် သဘောထားဟူသော အာဆီယံသို့ တင်ပြခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောစကားများကို NLD သံသယရှိ

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သဘောထားဟုဆိုကာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပြောကြားချက်များအပေါ် သံသယရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းချိန်မှစ၍ မတရားဖမ်းဆီးခံရစဥ်ကာလမှာ (က)ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းနိုင်ဘဲ သူမ အနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်၊ (ခ) ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ပါ စတဲ့ သဘောထားများနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်များမှာ ကွဲလွဲမှုရှိနေတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ဖော်ပြပါတယ်။ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကာ လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းပါတယ်။

(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးကို အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေးတွင်ဇူလိုင် ၁၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-AFP)
(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးကို အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေးတွင်ဇူလိုင် ၁၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-AFP)

▪︎ဝမ်းတွင်းမြို့လယ်မီးပွိုင့်မှာ ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့လယ် မီးပွိုင့်မှာ စစ်​ကောင်စီ ရဲတပ်ဖွဲ့မှ ရဲအုပ်သိန်းဇော်မိုးဆိုသူကို ​သေနတ်နဲ့ နှစ်ချက်ပစ်ရာ ​ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ Wundwin Township Revolution Force-WTRF အဖွဲ့ တာဝန်ခံက ​ပြောပါတယ်။ မနေ့ ညနေပိုင်းက ဝမ်းတွင်းမြို့လယ် မီးပွိုင့်မှာ အမှတ်(၂)အုပ်ချုပ်ရေးမှူးရုံးနဲ့ အတူရှိနေတဲ့ အထူးသတင်းနဲ့စုံစမ်းရေးအဖွဲ့မှာ ရဲအုပ်သိန်းဇော်မိုးကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီရဲဟာ မူးယစ်ဆေး၊ လောင်းကစားများနဲ့ ပတ်သက်လို့ ဆက်ကြေးကောက်ခံနေပြီး သူလျှို ဒလန်မွေးခြင်းများလည်း ပြုလုပ်ခဲ့တာကြောင့် ပြည်သူများအန္တရာယ်ရှိလာနိုင်လို့ ရှင်းလင်းခဲ့တာလို့ WTRF တာဝန်ခံက ပြောပါတယ်။

(​သေဆုံးခဲ့သော ရဲအုပ်သိန်း​ဇော်မိုးဆိုသူအား တွေ့ရစဥ်။ဓာတ်ပုံ-WTRF)
(​သေဆုံးခဲ့သော ရဲအုပ်သိန်း​ဇော်မိုးဆိုသူအား တွေ့ရစဥ်။ဓာတ်ပုံ-WTRF)

▪︎ကမ္မရဲစခန်းရှေ့ရှိ ဘန်ကာကို PDFသွားရောက်တိုက်ခိုက်ရာ ရဲတစ်ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းရှေ့ရှိ ဘန်ကာကို သွားရောက်တိုက်ခိုက်ရာ ရဲတစ်ဦး သေဆုံးခဲ့တယ်လို့ People’s Defense Force – Kamma တာဝန်ရှိသူက ပြောပါတယ်။ မနေ့ နေ့ခင်းက ကမ္မရဲစခန်းရှေ့ရှိ ဘန်ကာ သွားရောက်တိုက်ခိုက်ရာ ဘန်ကာအတွင်းရှိ ရဲတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့တာလို့ဆိုပါတယ်။ ဘန်ကာလေးခုရှိတာကြောင့် အခြားဘန်ကာအတွင်း ရှိရဲများကလည်း ပြန်လည်ပစ်ခတ်မှုများ ရှိပေမယ့် ရဲဘော်များအထိအခိုက်မရှိဘူးလို့ သိရပါတယ်။