Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းနှင့် တပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်များ တပြိုင်နက် တိုက်ခိုက်

အထက်ပါ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထားဝယ်-ထီးခီးလမ်းတလျှောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျှက်ရှိရာ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအသေးစိပ်အခြေအနေအား မသိရသေးပေ။

(ထားဝယ်စုပေါင်းစစ်ကြောင်းမှ ရဲဘော်များအားတွေ့ရစဥ်။ ဓာတ်ပုံ - DCC)
(ထားဝယ်စုပေါင်းစစ်ကြောင်းမှ ရဲဘော်များအားတွေ့ရစဥ်။ ဓာတ်ပုံ - DCC)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းနှင့် စခန်းငယ်တစ်ခုကို PDF ပူးပေါင်းတပ်များမှ တပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၁၆ ရက်က ထားဝယ်အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းအတိုင်း အင်အား ၁၅၀ခန့်ဖြင့်လာသော စစ်ကောင်စီတပ်ကို ယင်းနေ့ညနေ ၃ နာရီကျော်တွင် ထားဝယ်စုပေါင်းစစ်ကြောင်း၊ သြဥစစ်ကြောင်းစသည့် PDF ပူးပေါင်းတပ်များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး တိုက်ပွဲမှာ ညနေ ၃ နာရီမှ ၄ နာရီခွဲခန့်အထိ ဖြစ်ပွားခဲ့ကာ PDF ပူးပေါင်းတပ်များ အထိအခိုက်မရှိဆုပ်ခွာနိုင်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက အသိပေးသည်။

အလားတူ ဇွန်လ၁၆ရက် ညနေ ၃ နာရီကျော်ခန့်ကပင် ထားဝယ်စုပေါင်းစစ်ကြောင်းမှ ဗိုလ်စူပါဦးဆောင်သော စစ်ကြောင်းသည် ထားဝယ်နယ်၊ ပကာရီကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာအနီး (၈)မိုင်၌ အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းငယ်တစ်ခုကို လက်နက်ကြီးများပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

၎င်းတိုက်ခိုက်မှုတွင် တိုက်ပွဲချိန် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိ ပေးထားသည်။