Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ကုန်းရွာ ဗုံးကြဲခံရမှု ပြည်သူ(၁၃)ဦး သေဆုံးပြီး ရဟန်း(၁)ပါးပျံလွန်တော်မူ

စစ်အုပ်စု ကြဲချခဲ့သည့်ဗုံးသည့် ညောင်ကုန်းကျေးရွာတောင်ပိုင်းရှိ ဘုန်းကြီးကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့၍ သက်တော် ၅၅ နှစ်အရွယ် ဥုးခေမာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ဗုံးကျဲမှု​ကြောင့် ဘုန်းကြီး​ကျောင်းပျက်စီး​နေမှု ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဗုံးကျဲမှု​ကြောင့် ဘုန်းကြီး​ကျောင်းပျက်စီး​နေမှု ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တွင် ပြည်သူ(၁၃)ဦးသေဆုံးကာရဟန်းသံဃာတော်(၁)ပါးပျံလွန်တော်မူခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန(MOHR) သတင်းထုတ်ပြန်သည်။

ဇွန်လ(၂၇)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲခန့်က တံတားဦးလေတပ်စခန်းမှ တက်လာသည့် စစ်အုပ်စု၏ ဂျက်ဖိုက်တာ(၁)စီးသည်စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာအတွင်း ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခြင်ကြောင့်အပြစ်မဲ့ ပြည်သူ(၁၂)ဦး သေဆုံးကာ ရဟန်းသံဃာတော်(၁)ပါး ပျံလွန်တော်မူခဲ့သည်။

စစ်အုပ်စု ကြဲချခဲ့သည့်ဗုံးသည့် ညောင်ကုန်းကျေးရွာတောင်ပိုင်းရှိ ဘုန်းကြီးကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့၍ သက်တော် ၅၅ နှစ်အရွယ် ဥုးခေမာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ထို့အပြင် အသက် ၃၇ နှစ်အရွယ် မမြင့်မြင့်နွယ်၊အသက် ၃၅ နှစ်အရွယ် ဦးဇော်လင်း၊အသက် ၃၈ နှစ်အရွယ် ဦးမင်းစိုး၊ အသက် ၄၅ နှစ်အရွယ် ဦးကျော်မြင့်ခင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်တင်ညွှန့်၊ အသက် ၅၀ နှစ်အရွယ် ဦးဝင်းအောင်၊အသက် ၆၀ နှစ်အရွယ် ဦးစိုးကြီး၊ အသက် ၇၀ နှစ်အရွယ် ဦးသန်းဆောင်၊ အမည်စီစစ်ဆဲ နှစ်ဦးတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ အသက် ၁၈ နှစ်အရွယ် မဟန်နီဇော်မှာ ဆေးကုသရန်သွားစဥ် သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရထားသည့် အသက် ၄၈ နှစ်အရွယ် ဦးအုန်းကျော်မှာဇွန်လ ၂၈ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း MOHR မှသိရသည်။

(စစ်​ကောင်စီတပ်ဗုံးကျဲမှု​ကြောင့် ဘုန်းကြီး​ကျောင်းပျက်စီး​နေမှု ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဗုံးကျဲမှု​ကြောင့် ဘုန်းကြီး​ကျောင်းပျက်စီး​နေမှု ။ဓါတ်ပုံ-CJ)

ထို့အပြင် စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကျေးရွာအတွင်းရှိ အသက်၁၀ နှစ်အရွယ် မောင်နေဝင်းတင့်၊ အသက် ၂၃ နှစ်အရွယ် မနုနု၊ ၂၅ နှစ်အရွယ် မဂျမ်း၊ အသက် ၃၈ နှစ်အရွယ် မယဥ်ယဥ်သင်း၊ အသက် ၄၁ နှစ်အရွယ် မဌေးနိုင်၊ အသက် ၄၅ နှစ်အရွယ် မသင်းသင်းဆွေ၊ အသက် ၄၅ နှစ်အရွယ် ကိုကျော်ဝင်း၊ အသက် ၅၀ နှစ်အရွယ် မဝင်းနု၊ အသက် ၅၂ နှစ်အရွယ် မဆယ်မိ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ဝင်း၊ အသက် ၇၂ နှစ်အရွယ် ဒေါ်ဌေးရီတို့တွင် ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း MOHRက ဖော်ပြသည်။

“အရင်ကတော့ လေယာဥ်လာရင် မကြောက်မရွံ့ထွက်ကြည့်ကြတာ။ အခု ထွက်ကြည့်ချိန်ကိုမရဘူး။ ဝုန်းခနဲဆိုချသွားတာ။”ဟု အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

သေဆုံးသူများတွင် အမျိုးသမီး​ ၅ ဦးပါဝင်ပြီး ထိခိုက်သူများတွင် အသက် ၇၂ နှစ်အရွယ်အဘွားအိုတစ်ဦးအပါအဝင် အမျိုးသမီး ၉ ဦးအထိ ရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်သည်။

နေအိမ်(၁၄)လုံး၊ဘုန်းကြီးကျောင်းဆောင် (၂)လုံးပျက်စီးကာ နွား(၂)ကောင် ထိခိုက်သေဆုံးခဲ့ကြောင်း MOHRက အသိပေးသည်။

ထို့အပြင် စစ်အုပ်စုသည် ချင်ပြစ်ကျေးရွာအနောက်ဘက် မြောက်ယမားဆည်အနီးတွင် ပရဟိတ ဆေးကုသမှုပေးနေသည့် ရှင်းလင်းဆောင်အား ထပ်မံဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အသက် ၄၄ နှစ်အရွယ် ဒေါ်လှကြည်ဆိုသူ သေဆုံးကာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး (၁)ဦး ညှပ်ရိုးနား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MOHR၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာက ပြည်သူပေါင်း ၁၃၅၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

(စစ်​ကောင်စီတပ်ဗုံးကျဲမှု​ကြောင့် ဘုန်းကြီး​ကျောင်းပျက်စီး​နေမှု ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဗုံးကျဲမှု​ကြောင့် ဘုန်းကြီး​ကျောင်းပျက်စီး​နေမှု ။ဓါတ်ပုံ-CJ)

“ညောင်ကုန်းရွာကိစ္စကတော့ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ပဲ သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာဘာအစည်းအဝေးတွေ လုပ်နေတာမှလည်းမရှိဘူး။ ဘာPDF တွေမှလည်းမရှိဘူး။ ကုန်ကုန်ပြောရရင် ပကဖတွေပအဖတွေ မသက်ဆိုင်တဲ့နေရာတစ်ခု၊ တကယ့်ကို ဘုန်းကြီးကျောင်းနဲ့အရပ်သားပြည်သူတွေပဲရှိတဲ့နေရာတွေ ဖြစ်တယ်။ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားပြီး တိုက်ခိုက်သတ်ဖြတ်တဲ့ဖြစ်ရပ်တစ်ခုလို့ သုံးသပ်ပါတယ်။”ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊NUG အနေ​ဖြင့် ဖြစ်စဥ်အချက်အလက်များအား ကောက်ခံကာ လူ့အခွင့်အရေးဝန်ကြီးဌာန MOHRမှ ထုတ်ပြန်ခဲ့ကြောင်း၊ ဆက်လက်ပြီး ယခုဖြစ်စဥ် တာဝန်ရှိသူများကို အရေးယူအပြစ်ပေးနိုင်ရန် ပြည်တွင်းတရားစီရင်ရေးလမ်းကြောင်းမှ လုပ်ကိုင်ဆောင်

ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများသို့လည်း မှတ်တမ်းများပေးပို့ကာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်ကဆက်ပြောသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးအတွက် ဖစစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမည်ဟု MOHRက ထုတ်ပြန်သည်။