Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိပ်ဖြူမြို့နယ်တွင် PDF ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်မှုများဟုဆို

ဇွန်လ ၂၀ရက် နံနက်တွင် ဆိပ်ဖြူမြို့မှ ဆောလမ်းပိုင်းသို့ ဝင်ရောက်လာသော ရန်သူ့အင်အား၃၀ခန့်ပါ စစ်ကားကြီးတစ်စီးအား သပြေကျေးရွာ နှင့်ရေကျော်ကျေးရွာအကြား တစ်နေရာ၌ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD -NUG)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD -NUG)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၂ရက်အတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၀ရက် နံနက်တွင် ဆိပ်ဖြူမြို့မှ ဆောလမ်းပိုင်းသို့ ဝင်ရောက်လာသော ရန်သူ့အင်အား၃၀ခန့်ပါ စစ်ကားကြီးတစ်စီးအား သပြေကျေးရွာ နှင့်ရေကျော်ကျေးရွာအကြား တစ်နေရာ၌ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်အမှတ် (၄)တပ်ရင်း – တပ်ခွဲ ၁ (Caf Spupdf)နှင့် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့)တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀ဦးခန့်ရှိခဲ့သည်ဟု ထုတ်ပြန် သည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD -NUG)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD -NUG)

ယင်းနေ့မနက်၌ပင် သပြေကျေးရွာနှင့်ရေကျော် ကျေးရွာအကြားသို့ စစ်ကားတစ်စီး ထပ်မံ ဝင်ရောက်လာရာ ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အထိနာသည့် စစ်ကောင်စီတပ်မှ အလောင်းများကို လာသယ်ရန်လာသည့် စစ်ကောင်စီယာဉ်တစ် စီးကို ဇွန်လ ၂၁ရက် နံနက်ပိုင်းတွင် မိုင်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးကာ ဒဏ်ရာရသူ ၅ဦးခန့်ရှိသည်ဟု ထုတ်ပြန်သည်။

PDF စစ်ရုံးချုပ်က ထုတ်ပြန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

Public Service Announcement
Public Service Announcement

ထုတ်ပြန်ထားချက်အရ ဇွန်လ ၂၀ရက်နှင့် ၂၁ရက် နှစ်ရက်တာ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ စစ်ကား တစ်စီးပျက်စီးခဲ့ပြီး ရန်သူ့တပ်သား ၂၀ဦးသေဆုံးကာ ၃၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း PDF ပူးပေါင်းတပ်မှ အထိအခိုက်မရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။