Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စုန်း​ချောင်းရွာကို စစ်တပ်ကစီးနင်းတိုက်ခိုက်၍ ဒေသကာကွယ်ရေးရဲဘော် ၃ ဦး နှင့် ပြည်သူ ၁၁ဦးအသတ်ခံရ

စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၄ဦးအထိ ရှိကြောင်း ပြည်‌ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကလည်း ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသူများကို သဂြိုဟ်ရန်ပြင်ဆင်​နေကြစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသူများကို သဂြိုဟ်ရန်ပြင်ဆင်​နေကြစဥ်။ဓါတ်ပုံ-CJ)

ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်မှုတွင် ဒေသကာကွယ်ရေးရဲဘော် ၃ဦးနှင့် ​ဒေသခံပြည်သူ ၁၁ ဦး သေဆုံးကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့်ဒေသခံအချို့က​ပြောသည်။

ယင်းမာပင်မြို့နှင့် ခြောက်မိုင်ခန့်ဝေးပြီး ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ စုန်းချောင်းရွာကို စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၂၁ရက်နံနက် ၂နာရီခန့်တွင် အလစ်ဝင်ရောက်တိုက်ခိုက်ခြင်းဟု ယင်းမာပင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“စုစုပေါင်း ၁၄ဦးသေဆုံးတယ်။ ရက်ရက်စက်စက်သတ်ဖြတ်သွားတာပါ။ ရုပ်အလောင်းအားလုံးကျွန်တော်တို့ ပြန်ရပြီး တခါတည်း သင်္ဂြိုလ်လိုက်ပါတယ်”ဟု အဆိုပါ ပြည်သူ့ကာကွယ်ရေးရဲဘော်ကပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ညနေ ၄ နာရီခန့်တွင် ရရှိသောသတင်းအရ ဒေသခံကာကွယ်ရေးရဲဘော် ( LocalDF) သုံးဦး၊ ဒေသခံပြည်သူ ၁၁ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်သွားသည်ဟု သိရသည်။ အသတ်ခံရသည့် ပြည်သူ ၁၁ဦးတွင် ဆယ်တန်းကျောင်းသားအချို့ပါဝင်ကြောင်းသိရပြီး အသေးစိပ်မသိရသေးပေ။ သတ်ဖြတ်ခံရသူများသည် အသက်ခံရသူများတွင် ၁၆နှစ်အရွယ် က​လေးငယ်များပါဝင်ကြောင်းလည်း ရုပ်အလောင်းများအားသဂြိုဟ်ပေးရာတွင် ပါဝင်ခဲ့သည့်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၄ဦးအထိ ရှိကြောင်း ပြည်‌ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကလည်း ထုတ်ပြန်ထားသည်။

အရပ်သားပြည်သူအချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းသတင်းရရှိသော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။စစ်ကောင်စီစစ်ကြောင်းသည် စုန်းချောင်းရွာအတွင်းသို့ ဝင်ရောက်လာပြီး နေအိမ်များအတွင်း စာရင်းအတိအကျဖြင့်ဝင်ရောက်ခဲ့ကြောင်း၊ဒေသခံ ခုနစ်ဦးကိုဖမ်းဆီးသွားကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကလည်း ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။