Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်၊ ပန်းတင်ဂိတ်ရှိစစ်​ကောင်စီတပ်ကို KIA နှင့် PDF တိုက်ခိုက်၊ စစ်​ကောင်စီတပ် အထိနာ

လုံးခင်းနှင့် ဖားကန့်ကြားရှိ ပန်းတင်ဂိတ်ကိုယနေ့(ဇူလိုင်လ ၂၁ရက်) နံနက် ၁နာရီ ၁၅မိနစ်ခန့်တွင် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(တိုက်ပွဲဖြစ်ပွားခဲ့​သော ​နေရာပြ ​မြေပုံ)
(တိုက်ပွဲဖြစ်ပွားခဲ့​သော ​နေရာပြ ​မြေပုံ)

ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်၏ အဓိကစစ်ဆေးရေးစခန်းတစ်ခုဖြစ်သော ပန်းတင်တံတားဂိတ်ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယ​နေ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ ထိခိုက်သေဆုံးမှုများပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

လုံးခင်းနှင့် ဖားကန့်ကြားရှိ ပန်းတင်ဂိတ်ကိုယနေ့(ဇူလိုင်လ ၂၁ရက်) နံနက် ၁နာရီ ၁၅မိနစ်ခန့်တွင် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ဒီဂိတ်ကရဲကင်းရော၊ စကစကင်းရောအင်အား ၄၀နဲ့ ၆၀ကြားရှိတယ်။ ပြည်သူတွေကို ခဏခဏအဖမ်းအဆီးစစ်ဆေးတဲ့ဂိတ်။ ဒီဂိတ်ကို စီးနင်းတိုက်ခိုက်တာ။ ၂နာရီ ၁၅ မှာ တိုက်ပွဲပြီးတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဂိတ်သည် ရဲတပ်ရင်း( ၂၈ )နှင့် စစ်ကောင်စီတပ်မ (၃၃)လက်အောက်ခံတပ်ရင်းများ တပ်စွဲထားသည့် ဂိတ်ဖြစ်သည်။KIAနှင့် PDFပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖက်တွင် အထိအခိုက်များခဲ့သည်ဟု KIA နှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

“သူတို့ဖက်ကအရာရှိနှစ်ယောက်ထိတယ်။တပ်သားတွေ တော်တော် ထိတယ်။အခုထိ အနားကပ်လို့ မရဘူး။ ကားငါးစီးရောက်နေတယ်”ဟု ယနေ့ ညနေ ၃ နာရီခန့်အခြေအနေကိုအထက်ပါသတင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူပေးနေသောကြောင့် ပြည်သူများထိခိုက်မည်ကို စိုးရိမ်၍ ဆုတ်ခွာပေးခဲ့သည်ဟု ၎င်းကပြောသည်။စစ်ကောင်စီတပ်က ပစ်သော လက်နက်ကြီးကျည်သည် မှော်ဝမ်းရပ်ကွက်ရှိ ဖားကန့်ပြည့်သူ့ဆေးရုံသွားသည့်လမ်းဘေးမှ ပေါ်ဦးသောက်ရေသန့်စက်ရုံထဲသို့ကျရောက်ပေါက်ကွဲရာ ဝန်ထမ်းတချို့ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။

ယနေ့ည‌နေတွင် စစ်ကောင်စီတပ်က ပန်းတင်ဂိတ်အနီး လမ်းပိတ်ဆို့ကာ စစ်ဆေးနေကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။