Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသမှူးတို့၏ညွှန်ကြားချက်များအရ အခုလိုတားမြစ်ချက်ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြသည်။

ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး
ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ တိုက်နယ်/ရပ်ကျေး ပကဖ/ပအဖ/LPDF များအနေဖြင့် ရွှေဘို – မန္တလေး ၊ ရွှေဘို – မုံရွာ ကားလမ်းပေါ် အလှူခံခြင်းမပြုရန် တားမြစ်ကြောင်း ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သုံးကြိမ် သတိပေးထားမြစ်ထားကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသမှူးတို့၏ညွှန်ကြားချက်များအရ အခုလိုတားမြစ်ချက်ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ သတိပေးတားမြစ်ချက်ကို ဇူလိုင်လ ၆ရက်တွင် တစ်ကြိမ်၊ ဇွန်လ ၇ရက်တွင် တစ်ကြိမ်၊ ၂၀၂၂ ဒီဇင်ဘာ ၁၆ရက်တွင် တစ်ကြိမ် ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ဆိုသည်။

ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး
ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး

“သုံးကြိမ်တိုင်တိုင်စာဖြင့် အသိပေးထားပြီး ဖြစ်ပြီးဖုန်းဖြင့်၊ နှုတ်ဖြင့် အကြိမ်ကြိမ်ရှင်းပြပြီးဖြစ်ကြောင်း သတင်းမီဒီယာများအား ကြိုတင်အသိပေးပါသည်”ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေး Facebook စာမျက်နှာ၌ ယနေ့ မနက်တွင် ရေးသားအသိပေးထားသည်။

ခရီးသွားပြည်သူများ ပူးပေါင်းပါဝင် ထိန်းကျောင်းနိုင်ရန် နှင့် သတင်းပေး တိုက်ကြားနိုင်ရန် တယ်လီဂရမ်ဖွင့်လှစ်သွားမည်ဟုလည်း ဖော်ပြသည်။

ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး
ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး

ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)များ၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်(LPDF)များအား ဂိတ်စခန်းဖွင့်တာ၊ ငွေကြေးကောက်ခံတာ မပြုလုပ်ဖို့ နှုတ်အားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပြီး ဖြစ်သော်လည်း တော်လှန်ရေးအင်အားစုများ အနေဖြင့် လိုက်နာခြင်းမရှိခဲ့၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်သည်ကို နောက်ဆုံးအကြိမ် အကြောင်းကြားခြင်းဖြစ်သည်ဟု ယခု ဇူလိုင်လ အကြောင်းကြားစာ၌ ဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုများလမ်းပေါ်တက် အလှူခံနေခြင်းသည် ခရီးသွား ပြည်သူများကို စိတ်အနှောက်အယှက်ဖြစ်စေသည့်အပြင် တော်လှန်ရေးရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်းလည်း အကြောင်းကြားစာ၌ ဖော်ပြထားသည်။