Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်ဦးလွင်မှာ အကွက်ရိုက်ရောင်းတဲ့နေရာတွေ စဖျက်နေ

မနေ့က ရှင်းလင်းတဲ့နေရာကတော့ပြင်ဦးလွင် -လားရှိုးလမ်းမကြီးအရှေ့ဘက်ခြမ်း ပြင်ဦးလွင်စင်တာအနီး က နေရာတွေဖြစ်ပါတယ်။

ပြင်ဦးလွင်မှာ အကွက်ရိုက်ရောင်းတဲ့နေရာတွေ စဖျက်နေ
ပြင်ဦးလွင်မှာ အကွက်ရိုက်ရောင်းတဲ့နေရာတွေ စဖျက်နေ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေ၊ သစ်တောမြေ၊ မြေလွတ်၊မြေရိုင်းမြေတွေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့နေရာတွေကို စတင်ဖျက်နေတယ်လို့ ဒေသခံတွေ ထံကနေသိရပါတယ်။

အဲဒီမြေအမျိုးအစားတွေမှာခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ပြီး အဆောက်အဦးဆောက်လုပ်ထားတာ ၊ ခြံဝင်းခတ်တာတွေကို ဖယ်ရှားကြဖို့နဲ့ မဖယ်ရင်အရေးယူမယ်လို့စစ်ကောင်စီက ဇူလိုင် ၁၉ ရက်မှာ ကြေညာချက်ထုတ်ထားပါတယ်။

အဲဒီနောက် မနေ့ ဇူလိုင် ၂၂ ရက်ကစတင်ပြီး ရှင်းလင်းတာတွေလုပ်နေတာလို့သိရပါတယ်။

မနေ့က ရှင်းလင်းတဲ့နေရာကတော့ပြင်ဦးလွင် -လားရှိုးလမ်းမကြီးအရှေ့ဘက်ခြမ်း ပြင်ဦးလွင်စင်တာအနီး က နေရာတွေဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့နယ်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေအပါအဝင်အကွက်ရိုက်တဲ့ ဧက ၂၀၀ ဝန်းကျင် ရှိတယ်လို့ ပြင်ဦးလွင်မြို့အိမ်ခြံမြေအသိုင်းကနေသိရပါတယ်။

ပြီးခဲ့တဲ့ ၇နှစ်ဝန်းကျင်ကစပြီး စီးပွားရေးသမားတွေနဲ့ အိမ်ခြံမြေအကျိုးဆောင်အချို့ဟာ လယ်ယာမြေတွေကို ဧကလိုက်ဝယ်ယူကာ လမ်း၊ ရေမြောင်း၊ မီးတိုင်တွေ ထည့်ပြီး အကွက်ရိုက်ကာ ရောင်းချတာတွေရှိခဲ့တာပါ။