Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဒေါင့်ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ရာ ရဲသုံးဦး ဒဏ်ရာရ

ယမန်နေ့(ဇူလိုင် ၂၂ ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး(၉)လုံးချ တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ ရဲ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ဗိုလ်Cross က ပြောသည်။

(ကန်ဒေါင့်ရဲစခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ရန်ြပင်ဆင်နေသော တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်)
(ကန်ဒေါင့်ရဲစခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ရန်ြပင်ဆင်နေသော တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းအား ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ရာ ရဲ သုံးဦး ဒဏ်ရာရပြီး ဒရုန်း နှစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ဝင် ဗိုလ်Crossက ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၂ ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး(၉)လုံးချ တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ ရဲ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ဗိုလ်Cross က ပြောသည်။

“ကန်ဒေါင့်ရဲစခန်းမှာ ၄၀လောက်ရှိတယ်။ ဘန်ကာနေရာကို လေးလုံး၊ နားနေဆောင်ဘက်ကို ၅ငါးလုံး ချနိုင်ခဲ့တယ်။”ဟု ဗိုလ် Cross က ပြောသည်။

Public Service Announcement
Public Service Announcement

သို့သော် စစ်ကောင်စီတပ်ဆင်ထားသော ဂျန်ပါကြောင့် ပြည်သူ့တပ်ဖွဲ့၏ ဒရုန်း နှစ်စီးလည်း ပျက်စီးဆုံးရူံးခဲ့ရကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့၊ မြိုင်ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ)တပ်ရင်း – ၂၊တပ်ခွဲ – ၂၊ပုလဲနယ်မြေခံတပ်ဖွဲ့နှင့် Earthquake People’s Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ကန်ဒေါင့်ရဲစခန်းရှိ စစ်ကောင်စီအဖွဲ့ဝင်များအား ဇူလိုင်လ ၁၉ ရက်ကလည်း ပုလဲနယ်အတွင်းရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။