Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့နယ် ကန်ချောင်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေဟု PDF စစ်ရုံးချုပ်ထုတ်ပြန်

ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းတွင် ဆောမြို့နယ်တွင်းရောက်ရှိလာသည့် ရန်သူ့စစ်ကြောင်းကို PDFနှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

မကွေးတိုင်း ဆောမြို့နယ် ကန်ချောင်းရွာအနီးတွင် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းတွင် ဆောမြို့နယ်တွင်းရောက်ရှိလာသည့် ရန်သူ့စစ်ကြောင်းကို PDFနှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ကန်ချောင်းရွာအနီး ဒေသခေါ် မြင်းကာတောင်ခြေသို့ ရောက်ရှိနေသော ရန်သူ့အင်အား ၁၃၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင်အမှတ်(၃၊၅၊၈၊၁၃)တပ်ရင်း၊ CDF မင်းတပ်၊CDF ကန်ပက်လက်၊ဆောPDF(YRPA)၊ YDF Saw ပူးပေါင်းအဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့တပ်သား လေးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆောမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားနေ၍ ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ပြင် ဆောနှင့်ကန်ပက်လက်နယ်စပ်ဒေသများ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။