Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုတွင် PDFရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံး

နဂါးနီ-အာဠာဝက Shwebo PDF တပ်ဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။

(ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-နဂါးနီ-အာဠာဝက Shwebo PDF)
(ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-နဂါးနီ-အာဠာဝက Shwebo PDF)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီအား ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေသည့် ရဲဘော် နှစ်ဦး မိုင်းမတော်တဆမှုကြောင့်ကျဆုံးခဲ့ကြောင်း နဂါးနီ-အာဠာဝက Shwebo PDF အဖွဲ့က ပြောသည်။

ဇူလိုင် ၂၃ ရက်က ရွှေဘိုမြို့အနောက်ဘက် (၃)မိုင်ခန့်အကွာက မြင်းချင်းနှင့် ဇီးကုန်း ပျူစောထီးရွာမှ စစ်အုပ်စု စစ်ကြောင်းထိုးမည်ဟုသတင်းရ၍ နဂါးနီ-အာဠာဝက Shwebo PDF အဖွဲ့က သွားရောက် မိုင်းဆင်ခဲ့သည်။

(ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-နဂါးနီ-အာဠာဝက Shwebo PDF)
(ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-နဂါးနီ-အာဠာဝက Shwebo PDF)

ထိုသို့မိုင်းဆင်နေစဥ် မတော်ဆပေါက်ကွဲ၍ တပ်ဖွဲ့ဝင် အသက်(၁၈)နှစ်အရွယ် ရဲဘော်လူပေနှင့် အသက်(၂၈)နှစ်အရွယ် ရဲဘော်ရွှေဘတို့ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း နဂါးနီ-အာဠာဝက Shwebo PDFအဖွဲ့၏ ခေါင်းဆောင် ကိုလမင်းက ပြောသည်။

“ကျွန်တော်တို့ ဘက်ကတော့ အတက်နိုင်ဆုံး အမှားနည်းအောင် မိုင်း‌အပေါ်မှာ လိုအပ်ချက်ကို အဖြေရှာပြီး မိုင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေ ပိုပြီးသိအောင်၊ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးအတွက် ပိုကြိုးစားပြီး သွေးကြွေးပြန်ဆပ်သွားပါ့မယ်။”ဟု Shwebo PDF အဖွဲ့၏ ခေါင်းဆောင်က ပြောသည်။

ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများအား ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

နဂါးနီ-အာဠာဝက Shwebo PDF တပ်ဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။