Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လာမည့်ရက်အနည်းငယ်အတွင်း ရခိုင်နှင့် ချင်းပြည်နယ်၌ မိုးကြီးနိုင်​ဟု NUG သတိပေး

ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့်မေလအတွင်းက ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့သည့် မိုခါဆိုင်မုန်တိုင်းဒဏ်ကြောင့် အကူအညီများလိုအပ်နေသော ဒေသဖြစ်သည်။ စစ်ကောင်စီကလည်း ယနေ့အချိန်အထိ ထိရောက်သော အကူအညီမပေးသေးဟု ဘေးသင့်ပြည်သူများက ပြောသည်။

(သောင်းရင်းမြစ်​ရေကြီးမှုကြောင့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ဘားအံမြို့တို့ရှိ ရပ်ကွက်အချို့ရေးကြီးမှုများဖြစ်ပေါ်နေသည်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
(သောင်းရင်းမြစ်​ရေကြီးမှုကြောင့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ဘားအံမြို့တို့ရှိ ရပ်ကွက်အချို့ရေးကြီးမှုများဖြစ်ပေါ်နေသည်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)

ဒေသအချို့ရေဘေးကြုံနေစဉ် လာမည့်ရက်အနည်းငယ်အတွင်း ရခိုင်နှင့်ချင်းပြည်နယ်၌ မိုးကြီးနိုင်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)က သတိပေးချက် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လဆန်းတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌ မိုးကြီးပြီး မွန်နှင့် ကရင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည်။

မွန်ပြည်နယ်၌ ရေအနည်းငယ်ပြန်ကျသော်လည်း ကရင်ပြည်နယ်အတွင်း သံလွင်မြစ်နှင့် သောင်ရင်းမြစ် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာပြီးနောက် ဘားအံ၊လှိုင်းဘွဲ့၊ကော့ကရိတ်၊ မြဝတီမြို့တွင် ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရဆဲ ဖြစ်သည်။

ထိုအခြေအနေတွင် လက်တလောရာသီဥတုအခြေအနေအရ ရခိုင်နှင့်ချင်းပြည်နယ်၌ မိုးကြီးမည့်သတိပေးချက်ကိုMOHADMက ယနေ့(ဩဂုတ် ၇ရက်) သတိပေးချက် ထုတ်ပြန်ထားသည်။

လတ်တလောတွင် ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လေးမြို့မြစ်ရေလျှံပြီး ရေကြီးနစ်မြုပ်မှုကြုံတွေ့နေသည်။

“နှစ်တိုင်းဒီအချိန်ရေကြီးနေကြပါ။ ဒီနှစ်ကတော့ လေးမြို့မြစ်ကအတက်ကြမ်းနေလို့ ရေဘေးကြုံနေတယ်”ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်

ယနေ့ ရာသီဥတုအခြေအနေအရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးကောင်းနိုင်ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဩဂုတ် ၈ရက်နှင့် ဩဂုတ် ၉ရက်နှစ်ရက်ဆက် မိုးသည်းထန်နိုင်သည်ဟု MOHADM က သတိပေးထားသည်။

ရခိုင်ပြည်နယ်၌ ဩဂုတ် ၉ရက် နောက်ပိုင်းတွင် မိုးအားအနည်းငယ်‌ လျော့ကျသွားနိုင်သော်လည်း သြဂုတ် ၁၄ရက်နှင့် ၁၅ ရက်တွင် မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပြီး ထပ်မံမိုးသည်းထန်နိုင်သည်ဟု ဆိုသည်။

“ရခိုင်ပြည်နယ်ဒေသခံများအနေဖြင့် အလေးထားပြင်ဆင်နေထိုင်သင့်ပါသည်”ဟု MOHADM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့်မေလအတွင်းက ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့သည့် မိုခါဆိုင်မုန်တိုင်းဒဏ်ကြောင့် အကူအညီများလိုအပ်နေသော ဒေသဖြစ်သည်။ စစ်ကောင်စီကလည်း ယနေ့အချိန်အထိ ထိရောက်သော အကူအညီမပေးသေးဟု ဘေးသင့်ပြည်သူများက ပြောသည်။

ယခုအခါ ယင်းဒေသများ၌ နောက်ထပ်မိုးကောင်းနိုင်သည့်အခြေအနေကြောင့် ရေဘေးအန္တရာယ်ကို အထူးသတိပြုရန် လိုအပ်နေသည်ဟု လူမှုကူညီရေးအရပ်ဖက်အဖွဲ့များကပြောသည်။