Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်သူစစ်ကောင်စီ တစ်နေ့ထက်တစ်နေ့ကျဆုံးလာပြီဖြစ်၍ မကြာမီ ပန်းတိုင်ရောက်တော့မည်ဟု KIO ဥက္ကဋ္ဌပြော

လက်ရှိတွင် တိုက်ပွဲများမှာပူးပေါင်းမှု စစ်နည်းဗျူဟာနှင့် စစ်မျက်နှာဖွင့်သွားနေခြင်းဖြစ်ပြီး ကချင်လူမျိုးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးမည့်အမူအရာကို အကောင်အထည်ဖော်ရန်လည်း ၎င်းက ပြောကြားသည်။

(၂၀၁၆ အတွင်းက ကချင်ပြည်နယ်မြောက်ပိုင်း မိုင်ဂျာရန်မြို့တွင် ကျင်းပသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။ ဓာတ်ပုံ − EPA/EFE)
(၂၀၁၆ အတွင်းက ကချင်ပြည်နယ်မြောက်ပိုင်း မိုင်ဂျာရန်မြို့တွင် ကျင်းပသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။ ဓာတ်ပုံ − EPA/EFE)

▪️ပူးပေါင်းမှုစစ်နည်းဗျူဟာဖြင့် စစ်မျာက်နှာဖွင့် တိုက်ပွဲဝင်နေကြောင်း အသိပေး

စစ်ကောင်စီကို မြန်မာတစ်နိုင်ငံလုံးက တော်လှန်နေဲခင်းဖြစ်ပြီး စစ်ကောင်စီတပ် တစ်နေ့ထက် တစ်နေ့ ကျဆုံးလာပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။

ယနေ့ ကျရောက်သည့် ကချင်အာဇာနည်နေ့ အခမ်းအနား၌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကချင်ဘာသာဖြင့် ပြောကြားသည့် မိန့်ခွင်းကို ကချင်သတင်းရင်းမြစ်က ဘာသာပြန်ပေးပို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။

“လူဦးရေပိုများတဲ့ ဗမာလူမျိုးတွေ ပင်လျင် စစ်မျက်နှာနဲ့ စစ်အင်အား အမျိုးမျိုးတိုးချဲ့ကာ မရပ်မနား တော်လှန်တိုက်ပွဲ ၀င်နေကြပါတယ်။ ဒီအခြေအနေမှာ မိမိတို့ ကေအိုင်အိုကလည်း စကစ ကို တော်လှန်နေတဲ့ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲကာ တော်လှန်ရေးလုပ်ငန်းကို နည်းဗျူဟာအစီအစဉ်ချမှတ်လုပ်ဆောင် နေပါတယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။

တနိုင်ငံလုံး တိုက်ပွဲဖြစ်နေသည့်အတွက် စစ်ကောင်စီအခက်ကြုံနေကြောင်း၊ စစ်ကောင်စီတပ်၏ စစ်မှုထမ်းများလည်း စိတ်ဓါတ်ကျကာ စစ်မှုထမ်းအလုပ်မှ တိမ်းရှောင်သွားခြင်းများရှိကြောင်း KIO ဥက္ကဋ္ဌက ပြောသည်။

“ဒီလိုအခြေအနေကြောင့် စကစက ပြည်သူတွေဘက်လှည့်ကာ ရက်စက်ကြမ်းကြုတ်တော၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်သော၊ ရွာ၊အိမ်တွေကို ဖျက်စီးသောအလုပ်ကို လုပ်နေပြီ။ လက်နက်မဲ့တဲ့ အမျိုးသမီး၊ ကလေးတွေကို တားကက်ထားကာ စော်ကာခြင်း ရက်စက်စွာနှိပ်စက်သတ်ဖြတ်ခြင်းဖြင့် ကမ္ဘာ့အမြင့်ဆုံးသော စစ်ရာဇ၀တ်မှုကိုကျူးလွန်နေပြီ (War Crime)။ ဒါတွေဟာ ရန်သူ စကစကျဆုံးဖို့ပဲဖြစ်တယ်”ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

အားလုံးညီညွတ်စွာ တော်လှန်ရေး၌ ပါဝင်ပါက အချိန်တိုအတွင်း အောင်မြင်မှုရမည်ဟုလည်း ၎င်းက ပြောသည်။

” ရန်သူစကစက တနေ့ထက်တနေ့ ကျဆုံးလာပြီဖြစ်လို မိမိတို့ တော်လှန်ရေးဟာ မကြာခင် ပန်းတိုင်ရောင်တော့မှာ ဖြစ်တယ်။ ဌာနချုပ်ရဲ့ ဦးဆောင်တဲ့ လုပ်ငန်းမှာ ပြည်သူများ နဲ့ အမှုထမ်းမား အားလုံး တစည်းတလုံးနဲ့ လုပ်ဆောင်ကြပါစို့”ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

စစ်ကောင်စီအခက်ကြုံနေချိန် ကချင်လူမျိုးအချို့က မိမိအကျိုးအတွက် ရန်သူစစ်ကောင်စီကို ထောက်ပံ့ပေးမှု မျက်နှာလိုမျက်နာရ ပြောဆိုလုပ်ဆောင်မှုများရှိကြောင်းလည်း မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

” ပြိုလဲ သေဆုံးခါနီးဖြစ်တဲ့ ရန်သူကို အသက်သွင်းပေးသလို ဖြစ်နေတာတွေကို သိရှိဖို့လိုပါတယ်။ ကချင်ပြည်သူတရပ်လုံး နည်းလမ်းမှန်ကန်စွာနဲ့ နိုင်ငံ့အရေးမှာပါ၀င်ဖို့လိုပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲအခြအနေက ပြည်သူနဲ့ ရန်သူစကစဖြစ်တဲ့တိုက်ပွဲဖြစ်တယ်။တော်လှန်ရေး သမားတွေဟာ ပြည်သူတွေဘက် မားမားမတ်မတ်ရပ်တည်ရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံကို အခြေအနေ သစ်ဆီသို့ ပို့ပေးနိုင်ဖို့ရန် ဒီကောင်းမွန်တဲ့လုပ်ရပ်မှာ တော်လှန်ရေးသမားများအားလုံး ခွန်အားစိုက်ထုတ်ပါ၀င်ဖို့လိုတယ်။ သို့သော်လည်း မိမိတို့ ကေအိုင်အေရဲ့ နိုင်ငံရေး ပန်းတိုင်ကိုတော့ ပပျောက်မသွားအောင် သတိထားဖို့လိုတယ်”ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။

လက်ရှိတွင် တိုက်ပွဲများမှာပူးပေါင်းမှု စစ်နည်းဗျူဟာနှင့် စစ်မျက်နှာဖွင့်သွားနေခြင်းဖြစ်ပြီး ကချင်လူမျိုးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးမည့်အမူအရာကို အကောင်အထည်ဖော်ရန်လည်း ၎င်းက ပြောကြားသည်။

“ဘယ်လိုနေရာမှာ အမှုထမ်းနေပေမဲ့လည်း ကေအိုင်အို တွေလိုက်နာရမဲ့ စည်းမျဉ်းကို တသွေမသိမ်း လိုက်နာ”ဟု KIO ဥက္ကဋ္ဌက ပြောသည်။