Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သမင်အင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ၃၀ကျော်သေဟု NUG အတည်ပြု

တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၁လက်၊ ဒရုန်းပစ် တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ (၆၀) မမ ဗုံးသီးများနှင့် ကျည်မျိုးစုံ အမြောက်အများတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ - NUG-MOD)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ - NUG-MOD)

▪️PDFပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် သုံးဦးကျဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ သမင်အင်းကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၀ကျော် သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က ယနေ့(သြဂုတ် ၁၀) အတည်ပြုထုတ်ပြန်သည်။

ယမန်​နေ့(ဩဂုတ် ၉)နံနက် ၄ နာရီမှစတင်ကာ နေ့လယ် ၁နာရီခန့်အထိ စစ်ကောင်စီတပ်အင်အား ၆၀ခန့်နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ၉နာရီကြာ အထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ - NUG-MOD)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ – NUG-MOD)

အဆိုပါ ၉ နာရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၀ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ PDF ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးမစိုးရိမ်ရဒဏ်ရာရရှိပြီး မဟာမိတ် KNLA မှ တပ်သားနှစ်ဦးကျဆုံးခဲ့ရကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၁လက်၊ ဒရုန်းပစ် တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ (၆၀) မမ ဗုံးသီးများနှင့် ကျည်မျိုးစုံ အမြောက်အများတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ - NUG-MOD)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ – NUG-MOD)

“ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ မနေ့(သြဂုတ် ၉)က လက်နက် ၁၈လက်ရထားတယ်။ ဒီကနေ့မနက် ခြောက်လက်ထပ်ရတယ်။ ဆိုတော့ ရန်သူ့ထံက လက်နက် ၂၄လက်ရထားပါတယ်”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် အထူးကွန်မန်ဒိုတပ်ရင်း (တောင်ပိုင်းတိုင်း)မှ ရုံးထိုင်မှူးက People’s Springသို့ ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအား PDF ပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေလျှက်ရှိရာ လက်နက်များထပ်မံရရှိဆဲဖြစ်ကြောင်း အမှတ်(၂)စစ်ဒေသ၊ စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက အသိပေးသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ - NUG-MOD)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ – NUG-MOD)

ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့သော ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်က သြဂုတ် ၃ ရက်တွင် ပထမအကြိမ်စစ်ကြောင်းထိုးခဲ့စဥ်ကလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် လေးဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။