Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါအနောက်ဘက်ခြမ်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ဒေသခံ လေးဦးသတ်ဖြတ်

စစ်ကောင်စီစစ်ကြောင်းသည် ရှုံးရှီရွာစာသင်ကျောင်း၌ ယနေ့ညက စခန်းချထား၍ ရှုံးရှီရွာ၊ အနောက်ဂန့်ဂေါနှင့် ဇဟောရွာတို့မှ ဒေသခံပြည်သူ ၃,၀၀၀ခန့်မှာ ဘေးလွတ်ရာတိမ်းရှောင်နေရသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

ဂန့်ဂေါအနောက်ဘက်ခြမ်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ဒေသခံ လေးဦးသတ်ဖြတ်
ဂန့်ဂေါအနောက်ဘက်ခြမ်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ဒေသခံ လေးဦးသတ်ဖြတ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အနောက်ပိုင်းရှိကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာမှ ဒေသခံလေးဦး သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဂန့်ဂေါမြို့ ခလရ(၅၀)မှလာသည့် အင်အား ၁၀၀ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန့်နေ့(ဩဂုတ် ၉ရက်)က အနောက်ဂန့်ဂေါကျေးရွာမှ ဓားစာခံဖမ်းဆီးထားသည့် ရွာသားတစ်ဦးနှင့် ယနေ့နေ့လယ်တွင် ရှုံးရှီကျေးရွာမှ ရွာသား သုံးဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

“ရှုံးရှီရွာမှာ အသတ်ခံရတာ ရွာ(ပကဖ)နှစ်ဦးနဲ့ ရွာသားတစ်ဦးလို့ သိထားရတယ်။ ရွာကပြည်သူတွေက အခုတောထဲမှာ ထွက်ပြေးပြီးရှောင်နေရတယ်”ဟု Special Ranger Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် အနောက်ဂန့်ဂေါရွာမှ ယနေ့ နေ့လယ် ၂ နာရီခန့်တွင် ရှုံးရှီရွာအတွင်း ဝင်ရောက်ပြီး ပြည်သူများ၏ နေအိမ်များ ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းခိုးယူနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ရှုံးရှီရွာစာသင်ကျောင်း၌ ယနေ့ညက စခန်းချထား၍ ရှုံးရှီရွာ၊ အနောက်ဂန့်ဂေါနှင့် ဇဟောရွာတို့မှ ဒေသခံပြည်သူ ၃,၀၀၀ခန့်မှာ ဘေးလွတ်ရာတိမ်းရှောင်နေရသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။