Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားဆောင်းနှင့် ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

စစ်ကောင်စီက မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ-လွိုင်ကော်၊ဆီဆိုင်-လွိုင်ကော် နှင့် ဒီးမော့ဆို -ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။

(ဖားဆောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဖားဆောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းနှင့် ဒီးမော့ဆိုမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများကို ကရင်နီရဲဘော်များက ၎င်းတို့၏ လူမှုကွန်ရက်များမှတဆင့် အသိပေးဖော်ပြသသည်။

ဩဂုတ် ပထမပတ်ကဖြစ်ပွားခဲ့သည့် ဖားဆောင်းနှင့် မယ်စဲ့မြို့ကြားရှိ ကျောက်စုရွာတိုက်ပွဲအတွင်းလက်နက်များနှင့် ကျည်၊ခဲယမ်း ထောင်နှင့်ချီ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

အလားတူ သြဂုတ် ၁၀ရက်ကဖြစ်ပွားခဲ့သော ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင်လည်း လက်နက်များနှင့် ကျည်၊ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက ရရှိခဲ့သည်။

“တပ်မ(၆၆) အကုန်ပျောက်၊တပ်မ (၅၅)အကျများ”ဟု ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်းရှိ ဗိုလ်လင်းယုန်က ပြောသည်။

ထို့အပြင် ကျောက်စုကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်းသေဆုံးကြောင်းလည်း ဖားဆောင်း PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

Public Service Announcement
Public Service Announcement

ဖားဆောင်းမှတဆင့် မယ်စဲ့မြို့ဘက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များမှာ တပ်မ (၅၅) လက်အောက်ခံ ခမရ(၅၀၈)နှင့် (၅၁၂)တပ်များဖြစ်သည်။

သြဂုတ် ၅ ရက်ကတိုက်ပွဲအတွင်း ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ထို့အတူ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင်လည်း သိမ်း ဆည်းရရှိခဲ့သည့် စစ်အသုံးဆောင်များအရ တပ်မ (၅၅)လက်အောက်ခံတပ်ရင်းနှင့် ရှမ်းပြည်အခြေစိုက်တပ်ရင်းများပါရှိသည်။

စစ်ကောင်စီက မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ-လွိုင်ကော်၊ဆီဆိုင်-လွိုင်ကော် နှင့် ဒီးမော့ဆို -ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။

ထို့အတူ ကယားပြည်နယ်၌ လေကြောင်းမှတဆင့် နေ့စဥ် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း စစ်ကောင်စီက ပြုလုပ်နေသည်။