Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အနောက်နိုင်ငံတွေနဲ့အပြိုင် ရုရှားဆီက လက်နက် ထောက်ပံ့မှုတွေ ရနေတယ်လို့ ယူကရိန်း လှောင်ပြောင်

ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာတဲ့ နိုင်ငံတစ်ခုပီပီ ယူကရိန်းဟာ ရုရှားရဲ့ စစ်လက်နက် နည်းပညာတွေနဲ့ သိပ်မစိမ်းလှတာကြောင့် အဲဒီ သိမ်းဆည်းရမိ စစ်လက်နက်တွေကို လိုအပ်သလို ပြုပြင်ပြီး ရုရှားတွေကို တိုက်ခိုက်ဖို့ ပြန်လည် အသုံးပြုလေ့ ရှိပါတယ်။

အနောက်နိုင်ငံတွေနဲ့အပြိုင် ရုရှားဆီက လက်နက် ထောက်ပံ့မှုတွေ ရနေတယ်လို့ ယူကရိန်း လှောင်ပြောင်
အနောက်နိုင်ငံတွေနဲ့အပြိုင် ရုရှားဆီက လက်နက် ထောက်ပံ့မှုတွေ ရနေတယ်လို့ ယူကရိန်း လှောင်ပြောင်

ယူကရိန်းအတွက် စစ်လက်နက်တွေ ထောက်ပံ့ရာမှာ ရုရှားကလည်း အနောက်နိုင်ငံတွေနဲ့ အပြိုင်ပဲလို့ ယူကရိန်းရဲ့ စစ်မြေပြင် အခြေစိုက် ဦးစီး အရာရှိ တချို့က အရွှန်းဖောက် ပြောဆိုခဲ့ကြပါတယ်။

စစ်ပွဲမှာ ရုရှားဆီက သိမ်းပိုက်ရရှိတဲ့ စစ်လက်နက်တွေ အများအပြား သိမ်းပိုက်ရရှိပြီး ယူကရိန်းတပ်တွေ ပြန်လည် အသုံးပြုနေတာကို ရည်ညွှန်းပြီး အခုလို ပြောဆိုတာ ဖြစ်ပါတယ်။ ရှေ့တန်း စစ်မြေပြင်မှာ လှုပ်ရှားနေတဲ့ ဗိုလ်မှူးကြီးအဆင့် စစ်ဦးစီး တစ်ဦးက စစ်ပွဲ စတင်ချိန် ကတည်းက ယူကရိန်းဟာ ရုရှားဆီက တင့်ကား အစီး ၃၀၀ လောက် အပါအဝင် လက်နက်ကြီး အမြောက်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ တခြား စစ်ယန္တရားတွေ စုစုပေါင်း အခု ၈၀၀ ကျော်လောက် သိမ်းဆည်း ရမိပြီးပြီလို့ Deutsche Welle သတင်းဌာနဆီ အသိပေး ပြောကြားခဲ့ပါတယ်။

ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာတဲ့ နိုင်ငံတစ်ခုပီပီ ယူကရိန်းဟာ ရုရှားရဲ့ စစ်လက်နက် နည်းပညာတွေနဲ့ သိပ်မစိမ်းလှတာကြောင့် အဲဒီ သိမ်းဆည်းရမိ စစ်လက်နက်တွေကို လိုအပ်သလို ပြုပြင်ပြီး ရုရှားတွေကို တိုက်ခိုက်ဖို့ ပြန်လည် အသုံးပြုလေ့ ရှိပါတယ်။

ယူကရိန်းက သိမ်းဆည်းရမိတဲ့ထဲမှာ ရုရှားက အထူးတလည် တန်ဖိုးထား အသုံးပြုနေပြီး နောက်ဆုံးမျိုးဆက် နည်းပညာတွေနဲ့ အဆင့်မြှင့်ထားတဲ့ T-72 တင့်ကားတွေပါ ပါဝင်နေပါတယ်။ နောက်ပြီး Grad ဒုံးကျည် ပစ်လွှတ်မှုစနစ်လို အရေးပါတဲ့ စစ်လက်နက်တွေလည်း ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် ကာလမှာ ရုရှားဆီကနေ သိမ်းယူ ရရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး အိုလက်ဆန်ဒါ ဆာရူဘူက ဂျာမန် သတင်းဌာနဆီ ပြောပြပါတယ်။

စစ်ပွဲစတင်ပြီး ရက်ပိုင်းအကြာ ၂၀၂၂ ခုနှစ်၊ မတ်လကစလို့ ယူကရိန်းဟာ ရုရှားဆီက စစ်လက်နက် စနစ်တွေ သိမ်းယူရရှိလာပြီး အခုဆိုရင် ရုရှားရဲ့ Uragan ဒုံးကျည်စနစ် ၂၄ ခုကို ရန်သူ့ဖက် ပြန်ချိန်ရွယ်ပြီး လက်တွေ့ အသုံးချနေပြီလို့ ဆိုပါတယ်။

ယူကရိန်းက စစ်လက်နက် ပြင်ဆင်ရေး စက်ရုံတွေမှာ ရင်ဆိုင်နေရတဲ့ ပြဿနာ တခုကတော့ သိမ်းဆည်းရမိလာတဲ့ ရန်သူ့ လက်နက်တွေမှာ တပ်ဆင်ထားတဲ့ တချို့သော နောက်ဆုံးမျိုးဆက် နည်းပညာမြင့် အစိတ်အပိုင်းတွေကို အစားထိုးနိုင်ခြင်း မရှိတာပါပဲ။ ယူကရိန်းဟာ စစ်ပွဲစတင်ချိန် ကတည်းက အနောက်နိုင်ငံတွေဆီက စစ်လက်နက် အထောက်အပံ့တွေ အလုံးအရင်း ရရှိနေပေမယ့်လည်း ဆိုဗီယက်ခေတ် တင့်ကားတွေအပေါ် အကြီးအကျယ် မှီခိုနေရဆဲ ဖြစ်ပါတယ်။