Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်တပ်ကံကြမ္မာ ပြည်သူ့လက်ဝယ်ပြန်လွှဲအပ်ကာ ပြည်သူ့ဆန္ဒအတိုင်းလိုက်နာသည်အထိ ကြိုးပမ်းဖို့ KNU ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလူမျိုးများနဲ့ ပြည်သလူထုတရပ်လုံးမှ စစ်အာဏာရှင် အုပ်စုကို လက်မခံနိုင်သည့်အတွက် စစ်အာဏာရှင်အုပ်စုကို နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်ရေး စတဲ့ နည်းလမ်းမျိုးစုံဖြင့် တော်လှန်နေကြရာ စစ်အုပ်စု လုံးပါးသွားပြီး စစ်တပ်ကံကြမ္မာ ပြည်သူ့လက်ဝယ် ပြန်လွှဲအပ်ကာ တိုင်းရင်းသားလူမျိုးများနဲ့ ပြည်သူ့ဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်နိုင်သည်အထိ ကြိုးပမ်းဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ဒီနေ့ ကျရောက်တဲ့ (၇၃)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့မှာ KNU ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားတိုက်တွန်းပါတယ်။ လက်ရှိမှာ အာဏာသိမ်းစစ်အုပ်စုဟာ အဖက်ဖက်မှ ဖိအားများကို ခံစားနေရပြီး ပြည်သူလူထု တရပ်လုံးလည်း အခက်အခဲ၊ အကြပ်အတည်းမျိုးစုံကို ရင်ဆိုင်ခံစားနေကြရတယ်လို့ KNU ဥက္ကဋ္ဌက ဆိုပါတယ်။ ဒါ့အပြင် ကရင့်အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ ကရင့်အမျိုးသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ ကရင့်လက်နက်ကိုင် အစုအဖွဲ့အားလုံးဟာ မိမိတို့ရဲ့ အစုအဖွဲ့ရပ်တည်နိုင်ရေး၊ မိမိတို့ ကိုယ်ကျိုးကိုသာ ရှာကြံနေကြသူများ မဖြစ်စေဖို့၊ မိမိတို့ရဲ့ အမှန်တကယ် လုပ်ရပ်များနဲ့ အကျိုးသက်ရောက်မှုများကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ကြောင်းလည်း KNU ဥက္ကဋ္ဌက သတိပေးပါတယ်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း

▪️ဖလမ်းမြို့နယ် ရမ်ထလိုရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ရမ်ထလိုကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့ မနက်ပိုင်းမှာ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးပြီး ဒေသခံပြည်သူ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNDF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောပါတယ်။ ဘုရားကျောင်းမှာ ပြင်လို့မရအောင် ပျက်စီးသွားခဲ့ပြီး လူနေအိမ်တစ်လုံးလည်း ပျက်ဆီးတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ဖလမ်းရှိ စစ်ကောင်စီရဲ့ ခလရ(၂၆၈)တပ်ကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)က သွားရောက်ပစ်ခတ်ခဲ့ရာ အဲဒီဖြစ်စဉ်အပြီး နာရီအနည်းငယ်အကြာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရမ်ထလိုရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Chin National Defense Forse)
(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – Chin National Defense Forse)

▪️ဖားဆောင်းနဲ့ ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

ကရင်နီပြည်နယ်၊ ဖားဆောင်းနဲ့ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများကို ကရင်နီရဲဘော်များက လူမှုကွန်ရက်များမှတဆင့် အသိပေးဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖားဆောင်းနဲ့ မယ်စဲ့မြို့ကြားရှိ ကျောက်စုရွာတိုက်ပွဲအတွင်း လက်နက်များနဲ့ ကျည်၊ ခဲယမ်း ထောင်နှင့်ချီ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောက်စုရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အလားတူ သြဂုတ် ၁၀ ရက်ကဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲမှာလည်း လက်နက်များ၊ ကျည်၊ ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက ရရှိခဲ့ပါတယ်။

(ဖားဆောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဖားဆောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️ရွှေဘိုမြို့နယ်ရှိ ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကူးတို့ဆိပ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ငါးနာရီကြာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force-PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ကူးတို့ဆိပ်ရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ကို ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ခိုက်မှုအတွင်း ပျူစောထီးနဲ့ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးရှိနိုင်ပေမယ့် အတိအကျမသိရသေးဘဲ ပျူစောထီးတစ်ဦးကိုသာ လက်ရအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ တာ၀န်ရှိသူက ပြောပါတယ်။

(၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်က လေးမြို့နယ် လည်ကြီးရွာ၌ စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ)
(၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်က လေးမြို့နယ် လည်ကြီးရွာ၌ စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ – CJ)

▪️ကနီမြို့နယ် လေးရက်ဆက်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ လေးရက်အတွင်း တိုက်ပွဲ ငါးကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီတပ် ၁၀ ဦးထက််မနည်း သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် သုံးဦးကျဆုံးခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ်ဟာ ဒရုန်းများဖြင့် ဗုံးသီးကြဲချခြင်း၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။