Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်းမြို့နယ် ရမ်ထလိုရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်က လေကြောင်းမှ ပြင်းပြင်းထန်ထန်ဗုံးကြဲချခြင်းကြောင့် တစ်ရွာလုံး လှုပ်ခါသွားရသည်ဟုလည်း ချင်းလူအခွင့်အရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Chin National Defense Forse)
(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Chin National Defense Forse)

▪️ပြည်သူ ခုနစ်ဦးထိခိုက်ပြီး ဘုရားကျောင်းအပါအဝင် လူနေအိမ်များ ပျက်စီး

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ရမ်ထလိုကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့နံနက်၁၁နာရီခန့်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်များထိခိုက်ပျက်စီးပြီး ဒေသခံပြည်သူ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းအမျိုးသားများကာကွယ်ရေးတပ် (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်သည့် ကျေးရွာကို ဠေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မနက် ၁၁နာရီ ဝန်းကျင်လောက် အဲဒီအချိန်မှာ အကြောင်းမဲ့ ရွာထဲကို ဂျက်ဖိုက်တာနဲ့လာကြဲသွားတာဗျ။ အဲဒီမှာ ဘုရားကျောင်းတော့ လုံးလုံးနီးပါးပါပဲ ပြန်ဆောက်ရင် အသစ်ပြန်ဆောက်ရမှာ ပြင်လို့တောင်မရတော့ဘူး ပျက်စီးသွားတယ်။ အိမ်တစ်လုံးပျက်စီးသွားတယ်။ နောက်ပြီးတော့ လူ ၇ဦး ဒဏ်ရာရတယ်”ဟု ၎င်းက ပြောသည်။

(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Chin National Defense Forse)
(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – Chin National Defense Forse)

ရမ်ထလိုရွာကို စစ်ကောင်စီတပ်က ယခုနှစ် ဧပြီ ၁၀ရက်က တစ်ကြိမ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုစဉ်က ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဗားရ်စခန်းကို CNDFက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ရမ်ထလိုရွာနှင့် ဝေဘူလမြို့တို့ကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ဝေဘူလမြို့၌ ပြည်သူ ၉ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သည်။

ယနေ့ နံနက်အစောတွင်လည်း ဖလမ်းရှိ စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)က သွားရောက်ပစ်ခတ်ခဲ့ရာ ထိုဖြစ်စဉ်အပြီး နာရီအနည်းငယ်အကြာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရမ်ထလိုရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Chin National Defense Forse)
(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – Chin National Defense Forse)

“ဒီနေ့မနက် ၁နာရီလောက်က CNA ကနေပြီးတော့ ဖလမ်းမြို့ အခြေစိုက် ခလရ (၂၆၈)ကို သားပစ်တာမျိုးရှိတယ်။ သွားပစ်တာရှိတဲ့အခါ အဲဒီဟာကြောင့်လားပေါ့။ ပြည်သူလူထုကို အကြောင်းမဲ့ ပစ်တယ်ဆိုတာ အဲဒါကြောင့်လည်း ဖြစ်နိုင်တယ်။ဗားရ်းစခန်းသိမ်းတုန်းကလည်း အဲဒီလိုပဲ။ အဲဒီ ရမ်ထလိုကို ပစ်တာလည်း ဗားရ်စခန်းသိမ်းတုန်းကပဲ။ နောက်ပြီး ဝေဘူလကို ပစ်တယ်” ဟု ဆလိုင်းကျုံးငိုင်းက ပြောသည်။

စစ်ကောင်စီတပ်က ၎င်းတို့အားလာတိုက်ခိုက်ပါက ချင်းပြည်သူလူထုကို အထိနာအောင် လုပ်မည်ဟု သတင်းစကား ပေးလာခြင်းဖြစ်ကြောင်း ဆလိုင်းကျုံးငိုင်းက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ လုပ်ရပ်သည် လူမျိုးသုဉ်းသတ်ဖြတ်မှု အကြံအစည်ဖြစ်ပြီး နိုင်ငံတကာက သေချာစောင့်ကြည့်ပေးရန်လည်း တောင်းဆိုသည်။

“အရေးယူတဲ့ အချိန်ကျရင် တကယ့် နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးယူပေးကြပါလို့ တောင်းဆိုချင်တယ်”ဟု ဆလိုင်းကျုံးငိုင်းက ပြောသည်။

(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Chin National Defense Forse)
(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – Chin National Defense Forse)

စစ်ကောင်စီတပ်က လေကြောင်းမှ ပြင်းပြင်းထန်ထန်ဗုံးကြဲချခြင်းကြောင့် တစ်ရွာလုံး လှုပ်ခါသွားရသည်ဟုလည်း ချင်းလူအခွင့်အရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း၊ လူနေအဆောက်အဦး ၁၀လုံးခန့် ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ရမ်ထလိုကျေးရွာအား ပြီးခဲ့သည့်ဧပြီကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။