Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သည် သြဂုတ် ၁၀ ရက် ညပိုင်းက ငါန်းဇွန်မြို့နယ်ရှိ ထန်းတစ်ပင်ကျေးရွာ ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့်အား ဖမ်း​ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ငါန်းဇွန်တွင် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ခိုက်ခံရ
ငါန်းဇွန်တွင် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ခိုက်ခံရ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်အား သြဂုတ် ၉ ရက်မှ ၁၁ရက်အထိ သုံးရက်ဆက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်သား ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု ငါန်းဇွန်ပကဖက ဆိုသည်။

ယမန်နေ့ (သြဂုတ်၁၃ရက်)နံနက် ၁၁နာရီခန့်ကလည်း ငါန်းဇွန်မြို့နယ်၊ ကံသာရွာရှိ စစ်ကောင်စီတပ်စွဲသည့်နေရာကို ဒရုန်းဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း ငါန်းဇွန်(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် စစ်​​ကောင်စီတပ်သားအချို့ ထွက်ပြေးမှုများရှိနေသည်ဟု သတင်းကြားသိရကြောင်း ၎င်းက ပြောသည်။

“အင်အားက ၃၀ နဲ့ ၅၀ ကြားထဲပါ။ ရေလယ်သောင်၊ လက်ပံသာဘက်ကတစ်ကြောင်း၊ ကံသာဘက်မှာတစ်ကြောင်း နှစ်ကြောင်းထိုးတာပါ။ တပ်ပြေးသတင်းက အကြားပဲ။ အတည်မပြုနိုင်သေးဘူး။”ဟု ငါန်းဇွန်(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ငါန်းဇွန် ပကဖ)၊Black Eagle Force၊ Black Eagle Drone Force မြင်းခြံခရိုင်တပ်ရင်း(၇)တပ်ခွဲ -၁ ငါန်းဇွန် မီးနဂါးဒေါင်းဖိုက်တာအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၁၀ ရက် ညပိုင်းက ငါန်းဇွန်မြို့နယ်ရှိ ထန်းတစ်ပင်ကျေးရွာ ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့်အား ဖမ်း​ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ထန်းတစ်ပင်ရွာက ဦးသန်းမော်နဲ့ဒေါ်မိလှအိမ်ကို မီးရှို့ပြီး တခြားနေအိမ်တွေကိုလည်း အိမ်တွင်း ပစ္စည်းတွေကိုယူပြီး တချို့ပစ္စည်းတွေကို ရိုက်ခွဲ ဖျက်ဆီးသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။