Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ် တိုက်ပွဲ စစ်​​ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများကို ကရင်နီပူး​ပေါင်းတပ်များထပ်မံသိမ်းဆည်းရရှိ

သြဂုတ် (၁၂ ရက်)က ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီး၌ စစ်​ကောင်စီတပ်စွဲထား​သော​နေရာကို ကရင်နီပူး​ပေါင်းတပ်က ဝင်​ရောက်တိုက်ခိုက်ပြီး တစ်နာရီခန့်ကြာတိုက်ပွဲ ဖြစ်ပွား ခဲ့​ကြောင်းသိရသည်။

(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)
(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တိုက်ပွဲ တွင် စစ်ကောင်စီတပ် အထိနာပြီးစစ်တပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံသိမ်း ဆည်းရရှိခဲ့​ကြောင်းကရင်နီ တော်လှန်​ရေးအင်အားစုများက​ပြောသည်။

သြဂုတ် (၁၂ ရက်)က ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီး၌ စစ်​ကောင်စီတပ်စွဲထား​သော​နေရာကို ကရင်နီပူး​ပေါင်းတပ်က ဝင်​ရောက်တိုက်ခိုက်ပြီး တစ်နာရီခန့်ကြာတိုက်ပွဲ ဖြစ်ပွား ခဲ့​ကြောင်းသိရသည်။

(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)
(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)

“အဲဒါ က အခု ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း နဲ့ ဆက်စပ် တဲ့တိုက်ပွဲလို့ ပြောလို့ရတယ်။မနေ့က ညနေ ၆ နာရီလောက်က ဖြစ်တာ။သူတို့တပ်စွဲတဲ့နေရာကို ဝင်တိုက် တာ။လေယာဥ်ပစ်ကူလာလို့ စကစ ဘက်က သေတဲ့သူအသေးစိတ်တော့ မသိရပေမယ့် လက်နက်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရခဲ့တယ်”ဟု ကရင်နီပူး ပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူက People’s Spring သို့ပြောသည်။

ထို့အပြင်သြဂုတ်လ ၅ ရက်က ဖားဆောင်း နှင့် မယ်စဲ့မြို့ကြားရှိ ကျောက်စုရွာတိုက်ပွဲ တွင် စစ်​ကောင်စီတပ်အထိနာခဲ့ပြီးလက်နက်များ၊ခဲယမ်းများ ထောင်နှင့်ချီ သိမ်း ဆည်းနိုင်ခဲ့သည်။

ထို့အတူ သြဂုတ် ၁၀ ရက်က ဒီးမော့ဆို မြို့နယ်တွင်ဖြစ်ပွား​​သော တိုက်ပွဲတွင်လည်း လက်နက်များနှင့် ကျည်၊ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက ထပ်မံသိမ်းဆည်းရရှိခဲ့ပြန်သည်။

သြဂုတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်​ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းနှင့် ခြင်းကြားများ ဖိုးဝီးကား ၂ စီး​ကျော်စာ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသတွင်းစစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။

(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)
(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)

အခြားသတင်းတစ်ရပ်တွင် နေ့စဥ် တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆို -ဖရူဆို မြို့နယ်ကြား တိုက်ပွဲ၌ တပ်ရင်း ၄ မှ ရဲဘော် ၀င်းမောင်(ခ)ဆီမိုးနယ် သည် ယခုလ ၉ ရက်က ဖရူဆိုမြို့နယ်၊ကဒါးလားတိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်ထားသည်။

“ကဒါးလားကလည်း ထီးပေါ်ဆို ကျေးရွာအုပ်စုထဲမှာပဲ မနေ့က ကရင်နီပူးပေါင်းတပ်တွေ ဝင်တိုက်ခဲ့တဲ့ ထီးသော်ကူးနဲ့လည်း ဆက်နေတာလေ။အဲဒီဘက်တိုက်ပွဲ ကနေ့စဥ်လိုလို ဖြစ်နေတာ။ပြီးတော့ လေယာဥ်ကလည်း ဒီနေ့လည်း ကျဲတာရှိတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီကမယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီး များဖြစ်သော ဖယ်ခုံ-လွိုင်ကော်၊ဆီဆိုင်-လွိုင်ကော် နှင့် ဒီးမော့ဆို -ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး စစ်အင်အားများတိုး၍ တိုက်ခိုက်​နေသည်။သို့​သော် တိုက်ပွဲအများစုတွင် စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုများပြီးလက်နက်ခဲယမ်းများစွာကိုလည်း ကရင်နီပူး​ပေါင်းတပ်များက ဆက်တိုက်သိမ်းပိုက်ရရှိ​နေသည်။