Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဝန်ထမ်းများ CDMလုပ်ရန်သတိပေးချက် သတ်မှတ်ကာလမကုန်သေး၍ အရေးယူမှုမရှိသေး ခြင်းဖြစ်ဟု TNLA ပြော

လက်ရှိတွင် စစ်ကောင်စီက TNLAကို ထိုးစစ်ဆင်လာ၍ဇူလိုင်လမှစ၍ရှမ်းမြောက်၌တိုက်ပွဲပြင်းထန်လျက်ရှိရာဇူလိုင်လ ၂၃ရက်မှ လက်ရှိအချိန်အထိ သုံးပတ်တာ ကာလအတတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲ ၁၂ကြိမ်ထက်မနည်းဖြစ်ခဲ့သည်။

(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား အခမ်းအနားတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - AFP)
(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား အခမ်းအနားတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

“ဒီဟာကလည်း ၈လပိုင်း(ဩဂုတ်လ) နောက်ဆုံးထားပြီးမှ သတိပေးထားတာပေါ့”

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်ရန် တအာင်းတပ်မတော်(TNLA)က တရားဝင်ကြေညာချက်ထုတ်ပြန်ထားရာ သတ်မှတ်ကာလ မကုန်သေး၍ အရေးယူမှုအပိုင်းမရှိသေးခြင်းဖြစ်သည်ဟု TNLA သတင်းပြန်ကြားရေးဌာန ဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင် TNLA၏ အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ခဲ့သည့်ကြေညာချက်၌ Non CDM များ CDM ပြုလုပ်ရန်နှင့် လာမည့် ၆လအတွင်း CDM မလုပ်ပါက အရေးယူမည်ဟု အသိပေးထားခြင်းဖြစ်သည်။

“ကျနောတို့ အုပ်ချုပ်ရေးပိုင်းက အောက်ခြေကို ညွှန်ကြားတဲ့စာပေါ့။ ဒီဟာကလည်း၈လပိုင်း နောက်ဆုံးထားပြီးမှ သတိပေးထားတာပေါ့။ သတ်မှတ်ကာလလည်း မကုန်သေးတော့ ဘာမှ အရေးယူတာမျိုးတော့မရှိသေးပါဘူး”ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ယနေ့ ဩဂုတ် ၁၄ရက်တွင်ပြောကြားသည်။

ထို့ကြောင့် TNLAက စစ်ကောင်စီဝန်ထမ်းများ CDM ပြုလုပ်ရန် သတ်မှတ်ထားသည့် အချိန်မှာနှစ်ပတ် ကျော်သာ ကျန်တော့သည်။

ထိုသတိပေးကြေညာချက်သည်ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသရှိ မြို့နယ်အများစု အပါအဝင် မြို့နယ် ၉ခု၌အကျုံးဝင်သည်ဟု TNLA သတင်းပြန်ကြားရေးဌာနမှူးက ယခုနှစ်ဆန်းပိုင်းကရှင်းပြထားသည်။ကျောက်မဲ၊ သီပေါ၊နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊မိုးကတ်ု၊ နမ့်ခမ်း၊ကွတ်ခိုင်၊မူဆယ်မြို့နယ်များပါဝင်သည်ဟုဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောကြားထားသည်။

“ဒါပေမဲ့ ကျောက်မဲ ၊ သီပေါ ၊ မိုးကုတ်၊ မိုးမိတ် တချို့ဟာတော့ ကျနော်တို့ ထိန်းချုပ်မှု၊ လှုပ်ရှားမှု အကုန်လုံးတော့ မရှိဘူး”ဟု ၎င်းက ပြောပြောကြားထားသည်။

စစ်ကောင်စီ အုပ်ချုပ်ရေးကို လက်မခံကြောင်း TNLAက တရားဝင်ကြေညာချက် ထုတ်ပြန်ဆောင်ရွက်ခြင်းဖြစ်ရာ စစ်ရေးအရ တုံ့ပြန်လာနိုင်ခြင်းနှင့်ပတ်သက်ပြီး TNLA၏ သဘောထားကို မေးမြန်းရာ TNLA အနေဖြင့် ယခင်ကတည်းက ခုခံစစ်အနေဖြင့် ပြင်ဆင်ထားသည်ဟု ကြေညာချက် ထုတ်ပြန်စဉ်က ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက TNLAကို ထိုးစစ်ဆင်လာ၍ဇူလိုင်လမှစ၍ရှမ်းမြောက်၌တိုက်ပွဲပြင်းထန်လျက်ရှိရာဇူလိုင်လ ၂၃ရက်မှ လက်ရှိအချိန်အထိ သုံးပတ်တာ ကာလအတတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲ ၁၂ကြိမ်ထက်မနည်းဖြစ်ခဲ့သည်။

“ဒီနှစ်ထဲမှာတော့ မဖြစ်တဲ့လ(တိုက်ပွဲမဖြစ်သည့်လ)တော့မရှိဘူး။ ၇လပိုင်းမှာတော့ နည်းနည်းပြန်များလာတာ။ အဓိကတော့ ထိုးစစ်လာရောက်တိုက်ခိုက်တော့ကျနော်တို့က ပြန်ပြီး တိုက်ခိုက်တာပေါ့ အဲဒီလိုမျိုးနဲ့တိုက်ပွဲဖြစ်တာပေါ့”ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ယနေ့ ပြောကြားသည်။