Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများ PDF များစိန်ခေါ်ပြီးရက်ပိုင်းအကြာ တိုက်ခိုက်ခံရ

သြဂုတ် ၁၅ ရက်ကလည်း ရွှေဘိုမြို့အဝင် တောင်ဘက်မုခ်ဦးအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း BLACK WOLF – ARMY က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်အား ဒရုန်းဖြင့် တိုက်ခိုက်ရန် PDF ရဲဘော်များ ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ဗိုလ်ကျားရိုင်း)
(စစ်ကောင်စီတပ်အား ဒရုန်းဖြင့် တိုက်ခိုက်ရန် PDF ရဲဘော်များ ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ဗိုလ်ကျားရိုင်း)

သေနတ်ပစ်ဖောက်ပြီး PDF များကို စိန်ခေါ်ခဲ့သည့် ရွှေဘိုမြို့အဝင်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများ ရက်ပိုင်းအကြာတွင် ဒေသတွင်း PDF ရဲဘော်များက သွားရောက်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ် ၁၇ ရက် ညနေ ၅ နာရီခွဲခန့်က ရွှေဘို – မန္တလေးလမ်းမကြီးပေါ်၊ ရွှေဘိုမြို့အဝင် မုခ်ပေါက်အနီးတွင် ပြည်သူများအား ငွေကြေးအဓမ္မတောင်းခံနေသည့် စစ်ကောင်စီတပ်သားများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီး သုံးလုံးပစ်ခတ်ပြီး ဒရုန်းဖြင့် ကိုယ်တိုင်လုပ် (၆၀)မမ ဗုံးသီး လေးလုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အဲဒီဂိတ်က အရင်ထဲက ရှိတာမဟုတ်ဘူး။ မုခ်ကနေ PDFတွေ စိန်ခေါ် သေနတ်ဖောက်တဲ့ ဗွီဒီယိုသိလိုက်လားမသိဘူး။ အဲလိုစိန်ခေါ်ပြီး အဲနားမှာ အထိုင်ချလိုက်တာ။ ၅ရက်လောက်ပဲရှိဦးမယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါဂိတ်သို့ လူနာတင်ယာဥ်ကား နှစ်စီးဝင်သွားကြောင်း ရွှေဘိုမြို့ခံတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ၊ မိတ္ထီလာပြည်သူ့ကာကွယ်ရေးဒရုန်း တပ်ဖွဲ့ Lightning Done Force ( We are Everywhere) ၊ ကျောက်ဆည် နဂါးနီ တပ်ရင်း (၁) ၊ ရွှေဘိုခရိုင်း တပ်ရင်း (၁၅)၊ ရွှေဘိုခရိုင် တပ်ရင်း (၄) ခွဲ (၂)၊မတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်း အဖွဲ့၊Flying Dragon Force F.D.F SHWEBO အဖွဲ့၊ မိုးမခရဲခေါင် ဒီပဲယင်းအဖွဲ့၊ ရဲဘော်သုံးကြိတ် ဒီပဲယင်း အဖွဲ့၊ GOLDEN EAGLE-ZBG LPDF၊ Eagle Brothers Knight Force အရာတော် အဖွဲ့၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ဇေယျာသွေး ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ဗိုလ်မဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့၊မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊Bo Ba Taw – SHWEBO LPDF ၊ War Loard Defense Force – SHWEBO ၊ SHWEBO FEDERAL ARMY SBDF ၊ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊နဂါးနီ – အာဠာဝက – Local – PDFနှင့် ရွှေဘိုအားမာန် မြို့ပြပြောက်ကျားအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သြဂုတ် ၁၅ ရက်ကလည်း ရွှေဘိုမြို့အဝင် တောင်ဘက်မုခ်ဦးအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း BLACK WOLF – ARMY က ထုတ်ပြန်ထားသည်။