Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်က ၄နာရီခန့်ကြာတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ

ကနီမြို့နယ်အတွင်း အင်အား ၃၀၀ခန့်ဖြင့်လာရောက်သည့် စစ်ကြောင်းမှ အင်အား ၁၀၀ခန့်မှာ ယမန်နေ့(ဩဂုတ် ၁၈ရက်) နေ့လယ်တွင် နွားခြံကုန်းကျေးရွာဝင်ရောက်ပြီး ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်ကောင်စီတပ်ရန်ကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသော ကနီနယ်ရှိ ‌ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်ရန်ကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသော ကနီနယ်ရှိ ‌ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် နွားခြံကုန်းကျေးရွာတွင် ယမန်နေ့(ဩဂုတ် ၁၈ရက်)က ၄နာရီခန့်ကြာဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲဝင်ရဲဘော်များက People’s Spring သို့ ပြောသည်။

ကနီမြို့နယ်အတွင်း အင်အား ၃၀၀ခန့်ဖြင့်လာရောက်သည့် စစ်ကြောင်းမှ အင်အား ၁၀၀ခန့်မှာ ယမန်နေ့(ဩဂုတ် ၁၈ရက်) နေ့လယ်တွင် နွားခြံကုန်းကျေးရွာဝင်ရောက်ပြီး ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးဟာမိတ်နှစ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG – PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” နွားလဘို့ရွာဖက်ကို ထွက်မယ့်အနေအထားနဲ့ ရွာရဲ့ ကွန်ကရစ်လမ်းမပေါ် ဒီအတိုင်း တက်ချလာတာ။ ကျွန်တော်တို့က ကင်းပုန်းဝပ်နေတာကို ဒီကောင်တွေ မသိတာ။ ကျွန်တော်တို့ဘက်ကနေ လှိမ့်တွယ်တာ”ဟု KLG – PDFက ဆိုသည်။

နွားခြံကုန်းရွာအနီးတိုက်ပွဲသည် ညနေ ၃နာရီခွဲခန့်မှစတင်ခဲ့ပြီး ည ၇နာရီခွဲခန့်အထိ ဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲဝင်ခဲ့သည့် ကနီမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတစ်ခုမှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ဘက်က တစ်ဦးပဲဒဏ်ရာရတယ်။ ခွေးတွေဘက်ကတော့ တော်တော် ထိတယ်။ ဒီကောင်တွေ ရွာထဲပြန်ဝင်သွားတယ်။ သူတို့ ပိတ်ပစ်ခံရပြီးတဲ့နောက်ပိုင်း နမခကနေ လက်နက်ကြီး အလုံး ၂၀ကျော် ပစ်တာ”ဟု အဆိုပါ ရဲဘော်က ပြောသည်။

မြေပြင်၌ အထိနာသည့် စစ်ကောင်စီစစ်ကြောင်းသည် နွားခြံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ညနေအထိ အဆိုပါကျေးရွာထဲ၌ပင် ရှိနေသေးသည်။

ကနီနယ်သို့ ယခုဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ် ၁၇ရက်တွင် ယင်းမာပင်မြို့နယ်အတွင်း အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သား ရှစ်ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီစစ်ကြောင်းများကြောင့် ကနီနှင့် ယင်းမာပင်မြို့နယ်စပ်တလျှောက်ရှိ ကျောက်ကုန်း၊အင်းပက်၊ နွားခြံကုန်း၊ ကျောက်မှော်၊ ကြက်လျှာရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။