Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်တွင် အထိနာသွား​သောစစ်တပ်က ပြည်သူ ၅၀ ဦးခန့်ကိုဖမ်းဆီး၍ စစ်သင်္ဘောဖြင့်ခေါ်​ဆောင်သွား

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(စစ်​ကောင်စီ၏ ​ရေယာဥ်တစ်စီး။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ၏ ​ရေယာဥ်တစ်စီး။ဓါတ်ပုံ-CJ)

ထီးချိုင့်မြို့နယ်အတွင်း နှစ်ရက်ဆက်တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ကျောက်မှော်ရွာမှ ဒေသခံ လေးဦးအပါအဝင် အရပ်သား ၅၀ ဦးခန့်ကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးကာ စစ်သင်္ဘောဖြင့်ခေါ်​ဆောင်သွားကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ထီးချိုင့်မြို့နယ်ကွင်းကြီးရွာအနီးတွင်ဩဂုတ်လ၂၀ရက်ရက်နှင့် ဩဂုတ်လ၂၁ရက်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့သည်။KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ကွင်းကြီးကနေကျောက်မှော်ကို ‌ခြေလျင်ထွက်လာတာ။ ကျောက်မှော်က ရွာသား ခြောက်ဦးကို ဖမ်းခေါ်သွားတယ်။ ရွာစဉ်တလျှောက်ဖမ်းလာတာ ၅၀ နီးပါးရှိတယ်။သင်္ဘောနဲ့ ထီးချိုင့်ဆိပ်ဖက် စုန်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်တပ်က သြဂုတ် ၂၁ ရက်တွင်ဖမ်းဆီးသွား​သော​ကျောက်မှော်ဒေသခံများမှာ ကိုဦး၊ ကိုဟန်တင့်၊ကိုဆန်းမင်းနှင့်ကိုကြက်ဆူတို့ ဖြစ်သည်။

လက်ရှိစစ်ကြောင်းသည် ဩဂုတ်လ ၁၀ ရက်ခန့်မှစ၍ ထီးချိုင့်မြို့နယ်အတွင်း အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၃၀ ဦးခန့်သာ ကျန်တော့ပြီး ၁၅သည် ဒဏ်ရာပြင်းထန်စွာရရှိထားသည်ဟု သိရသည်။ ဖမ်းဆီးခံထားရသော အရပ်သားများနှင့်ပတ်သက်၍ မြို့ခံများက စိုးရိမ်နေကြသည်။