Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့ပေါ် ညပိုင်း တိုက်ပွဲဖြစ်ပွားနေ

မင်းတပ်မြို့ပေါ်နှင့် မြို့အနီးတဝိုက်တွင် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF) များ စိုးမိုးလှုပ်ရှားမှုရှိပြီး စစ်ကောင်စီတပ်ကို မကြာခဏ တိုက်ခိုက်ခဲ့သည်။ မင်းတပ် CDF အနေဖြင့် မဟာမိတ်များ၊ ဒေသခံ ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီးလည်း စစ်ရေးဖော်ဆောင်လေ့ရှိသည်။

(မင်းတပ် CDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF-မင်းတပ်)
(မင်းတပ် CDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF-မင်းတပ်)

▪︎ဆေးရုံ၊ ကျောင်းများပိတ်ထားရန်နှင့် ရုံးသွားရုံးလာ မလုပ်ရန် စစ်ကောင်စီက အရေးပေါ် ဖုန်းဆက် တားမြစ်ဟုဆို

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယနေ့ ညနေပိုင်းမှ တိုက်ပွဲစတင်ခဲ့ပြီး ညပိုင်းအချိန်ထိ ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟု မင်းတပ်မြို့နယ် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“ခုချိန်ထိ မြို့ထဲပစ်နေကြတုန်းပဲ။ တိုက်ပွဲက ညနေပိုင်းလောက်နေ စတာ”ဟု ဒေသခံ သတင်းရင်းမြစ်က ယနေ့ည ၉နာရီခွဲကျော်တွင် ပြောပြသည်။

မင်းတပ်မြို့ ရှိ စစ်ကောင်စီ အုပ်စုမှ မနက်ဖန် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများဖြစ်သောဆေးရုံတံခါးများပိတ်ထားရန်၊ ကျောင်းများပိတ်ကြရန်၊ရုံးသွားရုံးလာများမပြုလုပ်ကြရန် ယခုည အရေးပေါ်ဖုန်းဆက်သတိပေးတားမြစ်သည်ဟု ကြားသိရကြောင်း ဒေသခံ သတင်းရင်းမြစ်က ၄င်း၏ Facebook မှ တဆင့်လည်း အသိပေး ရေးသားခဲ့သည်။

“ အကြောင်းတစ်ခုခု ထူးခြားလို့ဖြစ်မယ်ထင်ပါတယ်၊မြို့ပေါ်ကအမျိုးများ ဂရုစိုက်သွားလာကြပါ ။အိမ်မှာနေလည်း သတိနဲ့နားစွန့်နေကြပါဗျ။ တစ်ခုခုကြံစည်နေတာ လည်းဖြစ်နိုင်ပါတယ်။အသေးစိပ်ကို သက်ဆိုင်ရာ အဖွဲ့တွေက ထုတ်ပြန်ကြေငြာကြပါလိမ့်မယ်။ကျနော်က အဲ့လောက်ဘဲသတိပေးနိုင်လို့ပါ” ဒေသခံ သတင်းရင်းမြစ်က ရေးသားထားသည်။

ယနေ့ ညနေမှ ညပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်သံများ မြို့ထဲ၌ ကြားနေရသည်ဟုသိရသည်။

ယနေ့ ညနေက မင်းတပ်မြို့နယ် ရှိ ကျေးရွာ တစ်ရွာဘက်သို့ စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်ရင်းမှလက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟုလည်း အသိပေးထားသည်။

ထိခိုက်ပျက်စီးမှု အခြေအနေများ မသိရသေးဟု ဒေသခံက ဆိုသည်။

မင်းတပ်မြို့ပေါ်နှင့် မြို့အနီးတဝိုက်တွင် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF) များ စိုးမိုးလှုပ်ရှားမှုရှိပြီး စစ်ကောင်စီတပ်ကို မကြာခဏ တိုက်ခိုက်ခဲ့သည်။ မင်းတပ် CDF အနေဖြင့် မဟာမိတ်များ၊ ဒေသခံ ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီးလည်း စစ်ရေးဖော်ဆောင်လေ့ရှိသည်။

စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။