Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဥက္ကလာပမြို့နယ် ရထားလမ်းပေါ်တွင် စွန့်ပစ် ထားသော ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့

သေဆုံးနေသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားကို ရထားသံလမ်းဘေး၌ ယမန်နေ့ညနေပိုင်းက သွားရောက်တင်ဆောင်ရခြင်းဟု ဆိုသည်။

(ရုပ်အလောင်းအား လူမှုကူညီမှုအသင်းက လာရောက်သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - မျှဝေခံစားတွဲလက်များ)
(ရုပ်အလောင်းအား လူမှုကူညီမှုအသင်းက လာရောက်သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - မျှဝေခံစားတွဲလက်များ)

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် (၈)ရပ်ကွက် ရထားသံလမ်းမပေါ်တွင် စွန့်ပစ်ထားသော ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းက ပြောသည်။

သေဆုံးနေသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားကို ရထားသံလမ်းဘေး၌ ယမန်နေ့ညနေပိုင်းက သွားရောက်တင်ဆောင်ရခြင်းဟု ဆိုသည်။

“ ရပ်ကွက်က အကြောင်းကြားလို့ Body သွားတင်ရတာ။ဘယ်လိုသေတာလဲတော့ အတိအကျ မသိရသေး ဘူး။စံပြဆေးရုံကို ပို့ထားတယ်” ဟု မျှဝေခံစားတွဲလက်များ ပရဟိတအသင်းဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မကြာသေးမီရက်ပိုင်းကလည်း ဗိုလ်တစ်ထောင်မြို့ နယ်တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ့ရှိခဲ့ရသည်။

စစ်တပ်အာဏာသိမ်းမှုပြီးနောက် ရန်ကုန်မြို့တွင် ခိုးဆိုးလုယက်မှုများ အဆမတန်များပြားလာနေခြင်း အပါအဝင် အာဟာရပြတ်သေဆုံးနေသော အိမ်ခြေရာမဲ့များအပါအဝင် ပိုင်ရှင်မဲ့ရုပ်အလောင်းများ ပိုမိုတွေ့ရှိလာရသည်။

You May Also Like

သတင်း

ဆိပ်မူရပ်ကွက် ဘွန်ဘရာကုန်းတွင်နေထိုင်သော ကျော်ငြိမ်းဆိုသူသည် နတ်မှော်ကျေးရွာလမ်းပေါ်တွင် ဖမ်းဆီးခရခြင်း ဖြစ်သည်။

သတင်း

လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းရှိ ဟိုတယ်တစ်ခုအနီးတွင် လမ်းသွားလမ်းလာများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပကဖရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDFက ပြောသည်။

သတင်း

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။