Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဉာဏ်လွင်အောင်နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများ Urban Owls ထုတ်ပြန်

Urban Owls အဖွဲ့သည် စစ်ကောင်စီ၏ ငွေကြေးခဝါချမှုများကို လုပ်ဆောင်ပေးနေသည့် မင်းတေဇညွှန့်တင် ၊ လေဆိပ်တွင် ပြည်သူများကို ဖမ်းဆီး‌စစ်ဆေးမှုများပြုလုပ်နေသည့် အရှာရှိတစ်ဦးတို့ကို မတ်လနှင့် ဇွန်လတို့၌ ရှင်းလင်းခဲ့သည်။

ဉာဏ်လွင်အောင်နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများ Urban Owls ထုတ်ပြန်
ဉာဏ်လွင်အောင်နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများ Urban Owls ထုတ်ပြန်

ယခုနှစ်အတွင်း စစ်ကောင်စီထောက်တိုင်အကြီးစား သုံးဦးမြောက်ကို ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်

စစ်ကောင်စီ၏ အဓိကထောက်တိုင်များကို တိုက်ခိုက်နေသော Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ယမန်နေ့ညတွင် ပစ်ခတ်ခဲ့သည့် လက်နက်ပွဲစား ခရိုနီလက်သစ် ဉာဏ်လွင်အောင်နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများကို ယနေ့ ထုတ်ပြန်လိုက်သည်။

ဉာဏ်လွင်အောင်သည် စစ်တပ်အာဏာသိမ်းသည့်အပေါ် ထောက်ခံသူတစ်ယောက်ဖြစ်သည့်ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီအတွက်စစ်လက်နက်များကို ဝယ်ယူပေးနေသူဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီကို အဓိကပံ့ပိုးနေသည့် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့်ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်ကြောင်း ၂၀၂၂ စက်တင်ဘာတွင် ရုရှားသို့သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင်၏ ခရီးစဉ်မှ ဉာဏ်လွင်အောင်၏ ဓာတ်ပုံများကို Urban Owls က ဖော်ပြထားသည်။

ဉာဏ်လွင်အောင်နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများ Urban Owls ထုတ်ပြန်
ဉာဏ်လွင်အောင်နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများ Urban Owls ထုတ်ပြန်

ထို့အတူ ဉာဏ်လွင်အောင်သည် ရန်ကုန်မြို့တွင် ဆော်ဒီအာရေဗျ သံအမတ်နှင့် တွေ့ဆုံမှုပြုလုပ်ခဲ့‌သည့် မှတ်တမ်းကိုလည်းဖော်ပြထားသလို အာဏာရှင်ဟောင်းနေဝင်း၏မြေး အေးနေဝင်းနှင့် ဓာတ်ပုံများကိုလည်း ဖော်ပြထားသည်။

Urban Owls အဖွဲ့သည် ဉာဏ်လွင်အောင်ကို အောက်တိုဘာ ၂ ရက်ညက လသာမြို့နယ်ရှိ ထမင်းကြော်ဆိုင်၌ သေနတ်ဖြင့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်ခံ မီဒီယာများ၌ ဉာဏ်လွင်အောင်သည် ဝဲနားထင်ဖောက်ဝင်ဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံကြီး၌ အရေးပေါ်ဆေးကုသမှုခံယူနေကြောင်း ဖော်ပြထားသည်။

ဉာဏ်လွင်အောင်သည် သိုသိပ်စွာနေသူဖြစ်သောကြောင့် အသေးစိတ်စုံစမ်းမှုများပြုလုပ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု Urban Owls မှ တာဝန်ရှိသူက ပြောကြားထားသည်။

ဉာဏ်လွင်အောင်နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများ Urban Owls ထုတ်ပြန်
ဉာဏ်လွင်အောင်နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများ Urban Owls ထုတ်ပြန်

ဉာဏ်လွင်အောင်သည် စစ်ကောင်စီအတွက် နာမည်ခံ၍ လက်နက်များဝယ်ယူပေးနေသလို ပြည်ထဲရေးဝန်ကြီးဌာန၏ Facial Recognition CCTV များကိုလည်း တင်သွင်းတပ်ဆင်ပေးနေသူဖြစ်ပြီး ကာကွယ်ရေး နှင့်ပြည်ထဲရေး ဝန်ကြီးဌာနသို့ အတားအဆီးမရှိ ဝင်ရောက်နိုင်သည့် လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်ကာ ၎င်းကိုယ်တိုင်လည်း တပ်မတော်မိသားစုလုပ်ငန်းရှင်ဟု ခံယူထားကြောင်း ပြောဆိုထားသည်ဟု Urban Owls တပ်ဖွဲ့က ဆိုသည်။

ဉာဏ်လွင်အောင်သည် မြန်မာအပါအဝင် ထိုင်း ၊ တရုတ် ၊ ရုရှား နှင့် UAE နိုင်ငံများ၌ North Gate Engineering and Technology အမည်ဖြင့် ကုမ္ပဏီများ ဖွင့်၍လုပ်ငန်းများလုပ်‌‌ ဆောင်နေပြီး စစ်ကောင်စီ၏ ငွေကြေးခဝါချမှုလုပ်ငန်းစဉ်အတွက်လည်း Well and Fair ပြည်ပခရီးသွားကုမ္ပဏီကို တည်ထောင်ထားကြောင်း Urban Owls အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် အဖက်ဖက်မှကျရှုံးနေသည့် စစ်ကောင်စီနှင့် ပူးပေါင်းသည့်ဆိုးကျိုးများကို ခရိုနီဟောင်းလုပ်ငန်းရှင်များအနေဖြင့် နားလည်သော်လည်း ခေတ်ပျက်တွင် ငွေနှင့်အာဏာကို မက်မောကာခရိုနီဖြစ်ရန် ကြိုးစားနေသောလူငယ်စီးပွားရေးလုပ်ငန်းရှင်များသည်စစ်ကောင်စီနှင့်ပူးပေါင်း၍ လျှပ်စစ်ကားအပါအဝင် လက်နက်ဝယ်ယူပေးနေသူများရှိသောကြောင့် စာရင်းပြုစုထားပြီး တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ အရေးယူဆောင်ရွက်မှုလုပ်ဆောင်မည်ဟု Urban Owls အဖွဲ့က ပြောသည်။

ဉာဏ်လွင်အောင်နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများ Urban Owls ထုတ်ပြန်
ဉာဏ်လွင်အောင်နှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများ Urban Owls ထုတ်ပြန်

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီလက်အောက်မှ လွတ်မြောက်နိုင်ရန်တော်လှန်ရေး၌ အားဖြည့်ပေးရန် နှင့် စစ်ကောင်စီဘက်တွင် ရပ်တည်သူများအနေဖြင့်လည်း ၎င်းတို့နှင့် ၎င်းတို့၏မိသားစုဝင်များ၏ အကျိုးစီးပွားကို ငဲ့သည့်အနေဖြင့် ကွယ်ဝှက်သည့်နည်းဖြင့် တော်လှန်ရေးကိုထောက်ပံ့ရန် Urban Owls က တိုက်တွန်းထားသည်။