Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၂ နှစ်အတွင်း PDF တပ်တွေကိုရိက္ခာနဲ့ အသုံးစာရိတ်အတွက် ဒေါ်လာ ၁၅ သန်းကျော်ထောက်ပံ့ထားတယ်လို့ NUG ဟုအသိ​ပေး

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

▪︎ဒီ​ထောက်ပံ့မှုဟာရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်ပြီး​တော့ ၊ ရရှိဘဏ္ဍာ​ငွေများမှ အများဆုံးအသုံးပြု​နေတာဟာ လက်နက်တပ်ဆင်ထုတ်လုပ်မှုနဲ့ စစ်ဆင်​ရေးစာရိတ်​တွေဖြစ်တယ်လို့ NUG ထံမှသိရ

၂ နှစ်တာကာလအတွင်း PDF တပ်တွေကို ရိက္ခာနဲ့ အသုံးစာရိတ်ထောက်ပံ့မှု ၁၆ ကြိမ်ရှိရာမှာ ငွေကြေးအားဖြင့် အမေရိကန် ဒေါ်လာ စုစုပေါင်း ၁၅. ၇ သန်းရှိတယ်လို့ NUG အစိုးရက ဒီနေ့မှာထုတ်ပြန်ပါတယ်။

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

ပြည်သူ​တွေရဲ့ ထည့်ဝင်​ထောက်ပံ့မှုနဲ့ ရရှိတဲ့ဘဏ္ဍာ​​ငွေ​တွေထဲမှာ အများဆုံး အသုံးပြုတဲ့ စာရိတ်​ဟာ လက်နက်တပ်ဆင်​ရေး ၊ ထုတ်လုပ်​ရေး ၊စစ်ဆင်​ရေးစာရိတ်​တွေ ဖြစ်တယ် လို့ NUG မှ သိရပါတယ်။

နောက်ဆုံးပေးပို့တဲ့ ၁၆ ကြိမ်မြောက် ထောက်ပံ့စရိတ်ဟာ အမေရိကန် ဒေါ်လာ ၁ သန်းခန့်ရှိတယ်လို့လည်း NUG က ဆိုပါတယ်။

ဒီလိုထောက်ပံ့ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်အနက် ဒေါ်လာ ၁၃ . ၅ သန်းဟာဆိုရင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် အစီအစဉ်ရဲ့ ၂၁ လတာကာလအတွင်း ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေထဲကဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement