Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ်ရှိ သာစည်ရဲစခန်းဂိတ် ကို NPRF တိုက်ခိုက်

စက်တင်ဘာ ၃၀ ရက်က မုံရွာမြို့နယ် သာစည်ကျေးရွာရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ် ဂိတ်အားအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးကြောင်း၊ ထို့အပြင် စခန်းမှူးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုဝေလင်းက ပြောသည်။

(မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများကို ၂၀၂၁ က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများကို ၂၀၂၁ က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာရဲစခန်းရှိ စစ်ကောင်စီဂိတ်အား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု(NPRF)၏ ခေါင်းဆောင် ကိုဝေလင်းက ပြောသည်။

စက်တင်ဘာ ၃၀ ရက်က မုံရွာမြို့နယ် သာစည်ကျေးရွာရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ် ဂိတ်အားအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးကြောင်း၊ ထို့အပြင် စခန်းမှူးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုဝေလင်းက ပြောသည်။

“စထောက်မိတာတော့ ၆ ယောက်ရှိတယ်ကြားလို့သွားပစ်တာ။ တကယ်မျက်မြင်ပစ်ရတော့ ၁၀ အထက်မှ ာရှိတယ်။ အသေချာတော့မရေတွက် လိုက်ရဘူး။ သေဆုံးတာကတော့ စစ်သားပါ။ ဒဏ်ရာရတာကတော့ စစ်သားရော၊ ရဲရောပါတယ်။ သေဆုံးတာရော ဒဏ်ရာရတာကောက မျက်မြင်မြင်ရတယ်။ အရေတွက်သာ အတိကျမသိလို့ သတင်းပေးကနေတဆင့်ပြန်ထောက်ရတယ်။”ဟု ကိုဝေလင်းက ‌ပြောသည်။

တိုက်ခိုက်မှုအတွင်း ရဲဘော် သုံးဦးလည်း မစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ပစ်အားသာပြီး လက်နက်အချို့ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့၍ လက်နက်များသိမ်းဆည်းနိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၈ ရက် ညပိုင်းကလည်း မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင်အနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။