Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်အေးမြို့ တွင်တကျော့ပြန်စစ်ရေးတင်းမာနေ

ယခုအခါ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ပတ်ဝန်းကျင်သို့ စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့အများအပြားက စက်တင်ဘာလနှောင်းပိုင်းမှစ၍ အင်အားတိုးချထားပြီးနောက် စစ်ရေးတင်းမာနေခြင်းဖြစ်သည်ဟု သိရသည်။

ရွှေပြည်​အေးမြို့ ကိုအ​ပေါ်စီးမှမြင်ကွင်း
ရွှေပြည်​အေးမြို့ ကိုအ​ပေါ်စီးမှမြင်ကွင်း

မြို့​ပေါ်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ဖူးသည့် ရွှေပြည်အေးမြို့၌ ယခုအခါ စစ်ရေးပြန်လည်တင်းမာနေပြီး ဒေသခံပြည်သူများ စစ်ရေးသတိရှိရှိ‌နေကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

ယခုနှစ် ဖေဖော်ဝါရီလက ရွှေပြည်​အေးမြို့​ပေါ်တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ရဟတ်ယာဉ်တစ်စီးကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ပစ်ချတိုက်ခိုက်နိုင်ခဲ့သည်။ ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များက တစ်မြို့လုံးကို သိမ်းနိုင်လုအ​ခြေအ​နေတွင် စစ်​ကောင်စီတပ်က ​​လေ​ကြောင်း၊​ရေ​ကြောင်းနှင့်ကုန်​ကြောင်း မှ အင်အားအများအပြားဖြင့်စစ်ကူ​ပေးတိုက်ခိုက်သဖြင့် ​တော်လှန်​ရေးအဖွဲ့များ မြို့ကိုမသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြို့တည်​နေရာကို Google Map မှ​တွေ့ရပုံ
မြို့တည်​နေရာကို Google Map မှ​တွေ့ရပုံ

ယခုအခါ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ပတ်ဝန်းကျင်သို့ စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့အများအပြားက စက်တင်ဘာလနှောင်းပိုင်းမှစ၍ အင်အားတိုးချထားပြီးနောက် စစ်ရေးတင်းမာနေခြင်းဖြစ်သည်ဟု သိရသည်။

“ဟုမ္မလင်းနယ်ထဲက တိုက်ပွဲမှာ စစ်တပ်နဲ့ ရှမ်းနီ အကျများပြီးတဲ့နောက် တမူးနဲ့ဖောင်းပြင်ဘက်က တပ်တွေပါ ဝင်လာတာ။ တပ်ဆိုင်ထားတဲ့အနေအထားဖြစ်နေပါတယ်”ဟု ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့၊ နောင်ပိုအောင်စံပြရွာနှင့် လွှစင်ကုန်းရွာအနီးတွင် စစ်ကောင်စီနှင့်SNA ပူပေါင်းတပ်များကို ခန္တီးခရိုင်တပ်ရင်း (၁) ၊ HPDF -124၊ HPDF -မိုးကြိုးအဖွဲ့တို့က စက်တင်ဘာလ ၂၂ရက် နံနက် ၁၀နာရီမှစတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိကြောင်းHPDF -124ကထုတ်ပြန်သည်။ HPDF-124မှ ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

နောင်ပိုအောင်စံပြရွာနှင့် လွှစင်ကုန်းရွာအနီးတပ်စွဲထားသော စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုင်းခဲ့ပြီးနောက် စစ်ကောင်စီက အင်အား ၃၀၀ ခန့်ဖြင့် ပြန်လည်စစ်ကြောင်းထိုးလာရာ တိုက်ပွဲဆက်ပြင်းထန်ခဲ့သည်။ ထိုရက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်၌ ၂၀ ဦးထက်မနည်းသေဆုံးပြီးနောက် ယခုအခါ စစ်ကောင်စီနှင့်SNA ပူပေါင်းတပ်များသည် ရွှေပြည်အေးမြို့အထိ ဝင်ရောက်လာခြင်းဟု သိရသည်။

“ရွှေပြည်အေးဆိုတာက စစ်မြေပြင်လိုဖြစ်နေတာ။ လက်ရှိအခြေအနေပေါ်မူတည်ပြီး သတင်းကို နားစွင့်နေရမယ်။ တိုက်ပွဲဖြစ်နိုင်တဲ့အနေအထားမို့ ကိုယ့်လုံခြုံရေးအတွက် ကြိုတင်တိမ်းရှောင်တာတွေ လုပ်ကောင်းလုပ်ထားရမယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေး ပြောကြားသည်။

စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ပစ်ချလိုက်နိုင်သည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ရက်က ဖြစ်သည်။ မြေပြင်တိုက်ပွဲအတွက် အင်အားလာဖြည့်သည့် စစ် ကောင်စီရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း ၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနဲ့ မဟာမိတ်တပ်ပေါင်းစုက အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ပျက်ကျခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။