Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်တာနက်လွတ်လပ်ခွင့်ညွှန်းကိန်းမှာမြန်မာဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာ

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိခဲ့ပါတယ်။

Photo - ABC
Photo - ABC

မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာ့ပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာတယ်လို့ အမေရိကန်အခြေစိုက် Freedom House ရဲ့ ဒီနေ့မှာ ထုတ်ပြန်တဲ့ သုတေသနအစီရင်စာမှာဖော်ပြလာပါတယ်။

အင်တာနက်လွတ်လပ်ခွင့်ဖိနှိပ်မှု အဆိုးဆုံးကတော့ တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယအဆိုးဆုံးနိုင်ငံက မြန်မာနိုင်ငံ ဖြစ်တယ်လို့ Freedom House ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရသိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိခဲ့ပါတယ်။

အင်တာနက်လွတ်လပ်ခွင့်ကျဆင်းလာတာတွေကို Freedom House က ထောက်ပြရာမှာ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှု ၊ အာဏာဖီဆန်မှုတွေကို ဖိနှိပ်ဖို့စစ်တပ်က အင်တာနက်ပိတ်ပင်တာ ၊ ဆက်သွယ်ရေးကုမ္ပဏီတွေကို တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တဲ့အချက်တွပါပါတယ်။

ဒါအပြင် အင်တာနက်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ဖို့အတင်းအကြပ်ဖိအားပေးတာ ၊ ကြားဖြတ်ထောက်လှမ်းခိုင်းတာတွေကိုလည်း အာဏာသိမ်းစစ်တပ်က ဆက်သွယ်ရေးကုမ္ပဏီတွေအပေါ် ဖိအားပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုလုပ်ရပ်တွေကြောင့်ပဲ တယ်လီနောနဲ့ အော်ရီဒူးလို့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတွေဟာ လုပ်ငန်းတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ကုမ္ပဏီတွေထံ လက်လွှဲရောင်းချခဲ့ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ရတယ်လို့လည်း Freedom House က ဆိုပါတယ်။

အင်တာနက်ကိုထိန်းချုပ်တဲ့အပြင် အင်တာနက်ပေါ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေပြုလုပ်သူတွေ ၊ ဝေဖန်မှု ပြုလုပ်သူတွေကို လည်း စစ်ကောင်စီဟာ နှစ်ရှည်ထောင်ဒဏ်ချတာတွေရှိခဲ့တယ်လို့ Freedom House က အစီရင်ခံစာမှာ ထည့်ပြောထားပါတယ်။