Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရပြီး​နောက် ရဟတ်ယာဥ်ဖြင့်​ကျေးရွာများကိုပစ်ခတ်

စစ်ကောက်စီယာဉ်တန်းသည် ​အောက်တိုဘာ ၄ ရက်ညနေ ၃နာရီခန့်တွင် မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး၌ ရှိနေသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ပွဲအခြေအနေ ရှုပ်ထွေး နေ၍ အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

(စစ်​ကောင်စီတပ်က ရဟတ်ယာဥွ်ဖြင့်ပစ်ခတ်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ရဟတ်ယာဥွ်ဖြင့်ပစ်ခတ်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)

▪︎​ဒေသခံပြည်သူ ​ထောင်ချီထွက်​ပြေးတိမ်း​ရှောင်​နေရ

စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စပ်၌ စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ​​ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်သည်။

ယင်းမာပင် နှင့် ဆားလင်းကြီးမြို့နယ်စပ်မှ မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး ရောက်ရှိလာသည့် ၁၅စီးပါ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(အောက်တိုဘာလ ၄ရက်) နံနက် ၈နာရီခန့်က တိုက်ခိုက်ခဲ့သည်။ မြေပြင်တိုက်ပွဲတွင် အထိနာပြီးနောက် စစ်ကောင်စီတပ်က နံနက် ၁၀ နာရီခန့်တွင် Mi35 ရဟတ်ယာဉ်ဖြင့် အနီးဝန်းကျင်ရှိ​ကျေးရွာများကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ‌ဒေသခံများကပြောသည်။

“မတောင့်တနဲ့ဗိုက်သရက်ကို ပတ်ချာလည် တစ်နာရီနီးပါး ပတ်ပစ်တာ။ ဒေသခံတွေအကုန် ထွက်ပြေးကြရတာပဲ။ ထိခိုက်မှုရှိ ၊မရှိက သတင်းမရသေးဘူး” ဟု ဗိုက်သရက်‌ကျေးရွာဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်တွင် ထိခိုက်မှုများပြားခဲ့သော်လည်း အသေးစိတ်သတင်းမရကြောင်းဒေသခံများကပြောသည်။

စစ်ကောက်စီယာဉ်တန်းသည် ​အောက်တိုဘာ ၄ ရက်ညနေ ၃နာရီခန့်တွင် မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး၌ ရှိနေသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ပွဲအခြေအနေ ရှုပ်ထွေး နေ၍ အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(​အောက်တိုဘာ ၃)ကလည်း ယင်းမာပင်မြို့နယ်အတွင်း မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်တွင် အုပ်စုလိုက်တက်လာသည့် စစ်ကောင်စီဘက်အောက်ခံရဲတပ်ဖွဲ့ကို ဒေသအခြေစိုက် ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံးပြီး သေနတ်သုံးလက် ရရှိခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီအုပ်စုက အင်အားတိုးကာ စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

လတ်တလောတွင်စစ်တပ်က ရဟတ်ယာဥ်ဖြင့်ပစ်ခတ်မှု​​နှင့်တိုက်ပွဲများ​ကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စပ်ရှိ မတောင့်တ၊ တဲစု၊ လည်ငေါက်၊ရွှေသမင်နှင့်ဗိုက်သရက်ကျေးရွာမှ ဒေသခံပြည်သူ​ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ​ဒေသခံများက​ပြောသည်။