Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူထုအသံနားထောင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရန် ယာယီ သမ္မတ ထပ်မံတိုက်တွန်း

ယာယီသမ္မတက ပြည်သူများထံသို့သတင်းစကား ပုံမှန်ပြောကြားလေ့ရှိရာ ယမန်နေ့ အောက်တိုဘာ ၂၂ရက်တွင် အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရေးအတွက် အတူတူဝိုင်းဝန်းကြိုးစားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

ယာယီသမ္မတက ပြည်သူများထံသို့သတင်းစကား ပုံမှန်ပြောကြားလေ့ရှိရာ ယမန်နေ့ အောက်တိုဘာ ၂၂ရက်တွင် အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“လူထုရဲ့ သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့အသံကို အမြဲတမ်းနားထောင်နေဖို့ အထူးအရေးကြီးပါတယ်။ ကျနော်တို့အားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူတူ ဝိုင်းဝန်းကြိုးစားသွားကြပါစလို့လို့ တိုက်တွန်းချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။ အဆိုပါ ပြောကြားချက်သည် မေလအတွင်းက ပြုလုပ်ခဲ့သည့် အစိုးရ အဖွဲ့ အစည်းဝေး၌ ယာယီသမ္မတ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ပြီး ယခုကဲ့သို့ ပြည်သူသို့ ထပ်မံ သတင်းစကားပါးလာခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း မျှော်လင့်ချက်အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း မဖြည့်ဆည်းပေးနိုင်သော်လည်း စစ်အာဏာရှင်တော်လှန်ရေး၌ထပ်တိုးအောင်ပွဲရလဒ်များ ရအောင်ကြိုးစားနေကြောင်း ယာယီသမ္မတက ပြောကြားထားသည်။