Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူသုံးဦး သတ်ဖြတ်သွား

“အသတ်ခံရတာ အမျိုးသားတွေချည့်ပါ။ စကစ တွေ ပြန်ထွက်သွားပြီအထင်နဲ့ ရွာထဲပြန်ဝင်ကြရင်း ဖြစ်တာပါ။ အသက်တွေကတော့ ၃၀နဲ့ ၄၅ ကြားတွေ”ဟု ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ သုံးဦးအား သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဘုန်းဘွဲ့ကျေးရွာ၌ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်မှ ၂၀ ရက်အထိ ၆ ရက်ကြာတပ်စွဲသွားသော စစ်ကောင်စီတပ်က ကျေးရွာနေ အမျိုးသား သုံးဦးအား သတ်ဖြတ်ပြီး ရုပ်အလောင်းများအား ကျေးရွာအတွင်း၌ စွန့်ပစ်ထားခဲ့ကြောင်း ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“အသတ်ခံရတာ အမျိုးသားတွေချည့်ပါ။ စကစ တွေ ပြန်ထွက်သွားပြီအထင်နဲ့ ရွာထဲပြန်ဝင်ကြရင်း ဖြစ်တာပါ။ အသက်တွေကတော့ ၃၀နဲ့ ၄၅ ကြားတွေ”ဟု ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ရုပ်အလောင်းများအား စစ်ကောင်စီတပ်ထွက်ခွာသွားပြီးနောက် အောက်တိုဘာ ၂၁ ရက်တွင် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နယ်မြေခံ တပ်ရင်း၊ ပကဖများ ပူးပေါင်း၍ ဘုန်းဘွဲ့ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဝင်ရောက်စဥ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။